Chapter 2
Mori Sue:
TBC ( 2)ဧကရာဇ်ငယ်လေးက အတွေးများနေဟန်ဖြင့် လှောင်အိမ်ထဲမှငှက်အားအစာကြွေးနေပြီး မလှမ်းမကမ်း၌ စီမံခန့်ခွဲမူရေးရာဝန်ကြီးမှာ ရင်တထိတ်ထိတ်နှင့်ရပ်စောင့်နေရရှာသည် ။ မည်သို့သောအကြောင်းကြောင့် တိုင်းပြည်ရေးတွင်အထောက်အကူမပေးနိုင်သောသူ့အား ခေါ်တွေ့ရသည်မသိပါသော်ငြား ကောင်းသောဆင့်ခေါ်ခြင်းမျိုးသာဖြစ်စေရန်ဆုတောင်းမိသည် ။
ဧကရာဇ်မှာ ငှက်အားအချိန်အတော်ကြာရပ်ကြည့်နေသောကြောင့် ဝန်ကြီးမှာ လည်းခေါင်းငုံ့လျှက်သာစောင့်ဆိုင်းနေပြီး အသံမထွက်ရဲပါချေ ။
ဧကရာဇ်က ရုတ်ရက်လှည့်ကာ သူ၏နူတ်ခမ်းပါးများလူပ်ရုံဖြင့်မေးလေ၏ ။
" အအေးနန်းဆောင်ထဲကတစ်ယောက်က အသက်အရွယ်လဲမကြီးမြင့်သေးပါဘဲနဲ့ဘာလို့အခစားမဝင်ရတာလဲ... ပြီးတော့ သူကဘယ်သူလဲ "
စီမံခန့်ခွဲမူရေးရာဝန်ကြီးက အသေအချာစဥ်းစားပြီးနောက်ဦးညွှတ်ကာပြောလိုက်သည် ။
" ဒီငယ်သားက အရှင့်ရဲ့နန်းဆောင်အတွင်းက အကြောင်းအရာတွေကိုအစုံအလင်မသိပေမဲ့ အအေးနန်းဆောင်ထဲကတစ်ယောက်နဲ့ပတ်သက်ပြီးတော့ ကောလဟာလနည်းနည်းတော့ကြားဖူးပါတယ်... လွန်ခဲ့တဲ့နှစ်တွေတုန်းက အရာရှိမိသားစုငယ်လေးကနေဆက်သလိုက်တဲ့ကိုယ်လုပ်တော်တစ်ယောက်ပါ သူရဲ့မျက်လုံးတွေက အဖျားရောဂါတစ်ခုခုကြောင့်ကွယ်သွားတာလို့ပြောကြပြီး သူ့ရဲ့မွေးနာမည်အရင်းကိုတော့ဘယ်သူမှမသိကြပါဘူး ...မျက်စိကွယ်နေတဲ့အတွက်ကြောင့် သူ့ကိုမျက်မမြင်ကိုယ်လုပ်တော်လေးလို့ဘဲ ခေါ်ဝေါ်ကြပါတယ် "
ဧကရာဇ်ကမျက်မှောင်ကျုံ့ကာပြောလိုက်သည် ။
" ဘာလို့ ကိုယ်တော် သူနန်းတွင်းထဲဝင်တဲ့အချိန်ကိုမသိရတာလဲ ပြီးတော့ အအေးနန်းဆောင်မှာအပြစ်ပေးခံရမယ်ဆိုရင်တောင် ကိုယ်တော်သိခဲ့ရမှာပေါ့ "
ဝန်ကြီးက အရိုအသေပေးလိုက်ပြီးနောက်အလေးအနက်ထားကာပြောလေ၏ ။
" ဒီနိမ့်ကျတဲ့အစေခံက ခန့်မှန်းချက်တွေမပြောရဲပါဘူးဒါပေမဲ့ အနောက်နန်းဆောင်ကပြိုင်ဆိုင်မူကတကယ်ကိုဘဲ ပြင်းထန်လှပါတယ် ... အရှင်ကတိုင်းရေးပြည်ရာတွေနဲ့အလုပ်ရူပ်နေတဲ့အတွက်ကြောင့်မို့လို့ အချို့အသေးအမွှားကိစ္စတွေနဲ့ အနောက်နန်းဆောင်ကကိစ္စတွေကို ဧကရီကသာစီမံပြီး အရှင်မသိလိုက်ရတာကပုံမှန်ပါဘဲ "
YOU ARE READING
မျက်မမြင်ကိုယ်လုပ်တော်လေး
FanfictionHello Novel အတိုလေးတစ်ပုဒ်ကြေညာချင်လို့ပါ... Completed ဖြစ်ထားပြီးသားပါ အစဆုံး ၂၈ ပိုင်း (အပိုင်းရှည်) ကို ၁၀၀၀ နဲ့ဝယ်လို့ရပါတယ်ရှင် ... #Wp acc ပါချပေးဖို့ပေမဲ့ ဒီမနက်ပဲ acc ပျက်သွားပါတယ်ရှင် .. IQ Team ကဆိုတာနဲ့ ပထွေးမုန်း မုန်းနေကြတာထင်တယ် 🤣 Ti...