Chapter 17.1

784 85 0
                                    


Chapter 17.1







Mori Sue:

TBC ( 17 )



ဧကရာဇ်နှင့် မျက်မမြင်ကိုယ်လုပ်တော်လေးတို့မှာ နေ့နေ့ညညတစ်ပူးပူးတစ်တွဲတွဲအတူရှိနေကြပြီး ရက်အတော်အတန်ကြာသောအခါ၌ တစ်ယောက်နှင့်တစ်ယောက်အရင်ကထက်ပိုမို ရင်းနှီးလာပြီဖြစ်သည် ။ ဧကရာဇ်က သူ့အားအဖိုးတန်အရာတစ်ခုကဲ့သို့ဆက်ဆံနေပြီး အစေခံများရှေ့၌ပင် မည်ကဲ့သို့သောသံသယ၀င်စရာမျိုးကိုမှမပြခဲ့ပေ ။

နေ့တိုင်းအတူတူစားသောက်ကြပြီး စာအတူတူဖတ်ကြသည် ။ မျက်မမြင်ကိုယ်လုပ်တော်လေးက မမြင်နိုင်သောကြောင့် ဧကရာဇ်က စာဖတ်ပြပေးလေ့ရှိသည့်အပြင် အရှေ့ဘက်ရှိကြာကန်၌လည်း လှေအတူတူစီး၍လကြည့်လေ့ရှိသည် ။

မျက်မမြင်ကိုယ်လုပ်တော်လေး၏ ခန္ဓာကိုယ်မှာအားနည်းသောကြောင့် နန်းတွင်းသမားတော်များက သီးသန့်ဆေးစာရေး၍ အာဟာရပြည့်ဖြည့်စွက်စာများကိုပါ ပြင်ဆင်ပေးကြရသည် ။ တစ်ပတ်လျှင်နှစ်ကြိမ်ပြင်ဆင်ပေးသောဆေးအားသောက်သုံးရပြီး သေမတတ်ခါးသီးလှသည် ။

မျက်မမြင်ကိုယ်လုပ်တော်လေးက မပျော်မရွှင်ဖြင့် ဆေးဖက်၀င်အမြစ်များဖြင့်ကျိုချက်ထားသည့် ဆေးခါးခါးကြီးအားကြည့်၍ မကျေမနပ်ပွစိပွစိလုပ်လာ၏ ။

" အရင်နှစ်တွေတုန်းကလည်း ဆေးမသောက်ရဘဲနဲ့နေခဲ့တာအဆင်ပြေနေတာပဲကို ဘာလို့အခုမှခက်ခက်ခဲခဲနဲ့ဆေးသောက်နေရတာလဲ "

ဧကရာဇ်က စိတ်ရှည်လက်ရှည်ဖြင့်နှစ်သိမ့်ပေးလာသည် ။

" မင်းရဲ့ လက်ကျန်ဘ၀တစ်ခုလုံးကိုယ်နဲ့အတူတူဖြတ်သန်းပေးသွားမယ်လို့ ဂတိပေးထားတယ်လေ ... မင်း ဒီလိုမျိုးဂျစ်ကန်ကန်လုပ်နေဦးမယ်ဆိုရင် ကိုယ်နဲ့ ထာ၀ရနေသွားမယ်ဆိုတဲ့ ဂတိကိုဖြည့်ဆည်းရာရောက်မှာလဲ "

မျက်မမြင်ကိုယ်လုပ်တော်လေးက ထပ်မံ၍မညည်းတော့ဘဲ ဆေးခါးကြီးကိုသာ တစ်ငုံချင်းသောက်နေတော့၏ ။

ဧကရာဇ်က သကြားလုံးလေး အားမျက်မမြင်ကိုယ်လုပ်တော်လေး၏ ပါးစပ်ထဲသို့ထည့်ပေးလိုက်သည် ။

မျက်မမြင်ကိုယ်လုပ်တော်လေးWhere stories live. Discover now