Chapter 5

1.2K 145 1
                                    


Chapter 5



Mori Sue:

TBC.      ( 5)





ဧကရာဇ်က ထိုင်ခုံပေါ်တွင်မထိုင်မှီတွင် ကြမ်းပြင်ပေါ်၌ဒူးထောက်ထားသည့်လူတစ်စုအား ဝေ့ဝဲကြည့်ရူလိုက်သေးသည် ။



" ဒီလိုကိစ္စလေးကိုတောင် မင်းတို့ရှာမတွေ့နိုင်ကြဘူးလား "



စီမံခန့်ခွဲရေးဝန်ကြီးက တုန်တုန်ရီရီဖြင့်ပြန်ဖြေရှာလေ၏ ။

" အရှင်...ဒီအစေခံက နန်းတော်ရဲ့မှတ်တမ်းတွေအကုန်လုံးကိုမွှေနှောက်ရှာကြည့်ခဲ့ပေမဲ့ မျက်မမြင်ကိုယ်လုပ်တော် နန်းတွင်းထဲဝင်ရောက်တဲ့မှတ်တမ်းကိုမတွေ့ရသလို သူရဲ့မျက်လုံးကဘာကြောင့်အမြင်အာရုံကွယ်သွားတယ်ဆိုတာနဲ့ အအေးနန်းဆောင်မှာစွန့်ပစ်အပြစ်ပေးခံထားရလဲဆိုတာကိုမသိခဲ့ရပါဘူး "



ဧကရာဇ်၏ မျက်နှာထားမှာတင်းမာနေဆဲပါပင် ။



" အသက်ရှိနေတဲ့လူတစ်ယောက်လုံး နန်းတော်ထဲမှာနှစ်တွေအကြာကြီးနေထိုင်လာတာတောင် မင်းကသူ့နာမည်ကိုမသိနိုင်ဘူးဆိုတာ ဖြစ်သင့်ရဲ့လား "



စီမံခန့်ခွဲရေးဝန်ကြီးက ခေါင်းပင်မမော့ရဲဘဲ အလျင်အမြန်ပြောလိုက်သည် ။



" ဒေါသမထွက်ပါနဲ့ အရှင်... မှတ်တမ်းတွေမှာဘာမှရှာမတွေ့ခဲ့ဘူးဆိုရင်တောင်မှ ဒီအစေခံကသေချာတဲ့မှန်းဆချက်တစ်ခုကိုပြောနိုင်ပါသေးတယ်... နန်းတွင်းဝင်ရောက်တဲ့မှတ်တမ်းစာရင်းမှာ မှတ်တမ်းတင်မခံရတာက အဆင့်အနိမ့်ဆုံးကျေးကျွန်တွေပဲ ရှိပါတော့တယ် အရှင် "



ဧကရာဇ်မျက်ခုံးပင့်လိုက်သည်ကိုမြင်၍ စီမံခန့်ခွဲရေးဝန်ကြီးက အားတင်းကာဆက်ပြောလေ၏ ။

" ပြီး...ပြီးတော့ မျက်မမြင်ကိုယ်လုပ်တော်ရဲ့ အမြင်အာရုံက နန်းတော်အတွင်းကိုဝင်ပြီးနောက်မှဆုံးရူံးသွားရတာဖြစ်နိုင်ပါတယ် "

ဧကရာဇ်က ရုတ်တရက်ထလိုက်ကာ ထိုင်ခုံလက်ရန်းကို တစ်ခုခုစဥ်းစားနေဟန်ဖြင့် လက်ဆစ်နှင့်ခေါက်နေခဲ့ပြီး စီမံခန့်ခွဲရေးဝန်ကြီးမှာ အသက်ပြင်းပြင်းတောင်မရူရဲပါချေ ။

မျက်မမြင်ကိုယ်လုပ်တော်လေးWhere stories live. Discover now