Chapter 17.2စစ်သူကြီးချီက မတ်တပ်ရပ်၍ မျက်မမြင်ကိုယ်လုပ်တော်လေးအားပြောလိုက်သည် ။
" လမ်းလျှောက်ရင်းစကားပြောကြမလား "
မျက်မမြင်ကိုယ်လုပ်လေးက သဘောတူလိုက်သည် ။
" ရတာပေါ့ "
တော်၀င်ဥယျာဥ်၏ အစွန်းဘက်တစ်နေရာသို့ရောက်သောအခါ၌ မျက်မမြင်ကိုယ်လုပ်တော်လေးက စကားစမေးလာ၏ ။
" စစ်သူကြီးချီက ဘယ်လိုကိစ္စမျိုးကိုဆွေးနွေးချင်တာလဲဆိုတာသိချင်ပါရဲ့ "
စစ်သူကြီးချီက ခဏမျှအလေးအနက်စဥ်းစားပြီးနောက်မှပြော၏ ။
" ကိုယ်လုပ်တော်ဆီကနေ အမှန်တရားကိုမဖုံးကွယ်ထားချင်ပါဘူး ... မယ်တော်ကြီး ဒီနေ့ နန်းတော်ထဲဆင့်ခေါ်တယ်ဆိုတာက ကိုယ်လုပ်တော်ရဲ့မျက်စိကွယ်ရတဲ့အကြောင်းနဲ့ပက်သက်နေတယ် "
မျက်မမြင်ကိုယ်လုပ်တော်လေး၏ ပိန်ပါးသည့်ခန္ဓာကိုယ်လေးမှာ တုန်ရီလာလေသည် ။
" စစ်သူကြီး ... ဘယ် .... ဘာလို့ ... ရှင်းပြပါဦး "
" ဧကရီမယ်တော်ကြီးက အခုတလော ကိုယ်လုပ်တော်ရဲ့အပေါ်ကို ဧကရာဇ်အာရုံစိုက်နေတယ်ဆိုတာကို သတိထားမိနေတယ် ... ပြီးတော့လဲ ဧကရီမယ်တော်ကြီးက သိပ်ပြီးသဘောကျပုံမရဘူး ... ဧကရာဇ်က မယ်တော်ကြီးရဲ့ တစ်ဦးတည်းသောသားအဖိုးတန်ရတနာလေးလေ တစ်ဖက်မှာလဲ မင်းသားငယ်လေးကမွေးစားထားပေမဲ့ ချစ်ရတဲ့သားတော်လေးပဲ ... ဒီစစ်သူကြီး ဆိုလိုချင်တာကိုကိုယ်လုပ်တော်နားလည်မှာပါ "
မျက်မမြင်ကိုယ်လုပ်တော်လေးက ဖြည်းဖြည်းချင်းခေါင်းညိမ့်ပြလိုက်သည် ။
" ဒါ ... ဒါဆိုရင် ဧကရီမယ်တော်ကြီးက ဘယ်လိုအပြစ်ပေးမှာတဲ့လဲ "
" ဧကရီမယ်တော်ကြီးက သတ်သတ်လွတ်စားပြီး ဗုဒ္ဓရဲ့တရားရိပ်အောက်မှာခိုလှုံနေတာ နှစ်အနည်းငယ်ကြာပါပြီ ... သူမက ကိုယ်လုပ်တော်ကို နန်းတော်ထဲကထွက်သွားစေချင်ပြီးနန်းမြို့တော်ထဲကိုနောက်ထပ်ခြေတစ်လှမ်းမှမ၀င်စေချင်တော့ဘူး တတ်နိုင်သမျှအဝေးဆုံးကိုပို့ဖို့အမိန့်ပေးလိုက်တယ် "
![](https://img.wattpad.com/cover/341373280-288-k487294.jpg)
YOU ARE READING
မျက်မမြင်ကိုယ်လုပ်တော်လေး
FanfictionHello Novel အတိုလေးတစ်ပုဒ်ကြေညာချင်လို့ပါ... Completed ဖြစ်ထားပြီးသားပါ အစဆုံး ၂၈ ပိုင်း (အပိုင်းရှည်) ကို ၁၀၀၀ နဲ့ဝယ်လို့ရပါတယ်ရှင် ... #Wp acc ပါချပေးဖို့ပေမဲ့ ဒီမနက်ပဲ acc ပျက်သွားပါတယ်ရှင် .. IQ Team ကဆိုတာနဲ့ ပထွေးမုန်း မုန်းနေကြတာထင်တယ် 🤣 Ti...