Chapter 22

780 90 4
                                    


Chapter 22





Mori Sue:

TBC      ( 22 )





ရက်ပေါင်းများစွာ အလွန့်အလွန်ဂရုတစိုက်နေထိုင်ကုသပြီးသည့်နောက်၌ မျက်မမြင်ကိုယ်လုပ်တော်လေးမှာ အိပ်ရာထဲမှထွက်၍ရသွားပြီး ဟိုဟိုဒီဒိီလျှောက်သွားနိုင်လာသည့်အပြင် အသားနှင့်ငါးအနည်းငယ်ကိုလည်းစားသောက်လာနိုင်ပြီဖြစ်သည် ။

ရှောင်ပေါင်လေးမှာ အလွန်ပင်ပျော်ရွှင်နေလေတော့၏ ။

" သခင်က အရမ်းကိုမြန်မြန်ကျန်းမာရေးပြန်ကောင်းလာပြီ ... နောက်လ၀က်ဒါမှမဟုတ် တစ်လလောက်နေရင် သေချာပေါက်အရှင်းပျောက်သွားတော့မှာ "

မျက်မမြင်ကိုယ်လုပ်တော်လေးက ဖျော့တော့စွာပြုံးလိုက်၏ ။

" အင်း "

ကျန်းယု နောက်တစ်ကြိမ် မြို့တော်သို့ပြန်လာသောအခါ၌ ယုလီလေးကိုပါပြန်ခေါ်လာခဲ့သည် ။ ထိုနေ့က ယုလီလေးမှာ သစ်တော်သီး ဥယျာဥ်၌ကျန်ခဲ့ရပြီး ကျန်းယုမြို့တော်သို့ရောက်သောအခါတွင် စစ်သူကြီးအိမ်တော်၌နေထိုင်နေရလေတော့သည် ။

ကျန်းယုအကြောင်းကြားသည်နှင့် ရှောင်ပေါင်လေးမှာ မျက်လုံးအ၀ိုင်းသားဖြင့်မြှောက်ပင့်ပြောဆိုလေတော့၏ ။

" သခင်လေးကျန်းယုရဲ့ ဆေးပညာကတော့အမှန်ကိုအံ့မခန်းပဲ ... ရုပ်ကလေးကချောရုံတင်မဟုတ်ဘူး တကယ်ကြီးဘက်စုံတော်နေတာနော် ... "

ထိုအချိန်၌ အသိပေးသည့်အသံအကျယ်ကြီးပေါ်ထွက်လာလေသည် ။

" ဧကရာဇ် ကြွချီတော်မူလာပါပြီ "

ရှောင်ပေါင်လေးက ဒူးထောက်ကာအရိုအသေပေးလိုက်ပြီး မျက်မမြင်ကိုယ်လုပ်တော်လေးသည်လည်း စောင်ကိုဖယ်၍ အရိုအသေပေးရန်အတွက် ထရန်ကြိုးပမ်းနေလေ၏ ။

ဧကရာဇ်က ခြေလှမ်းကျဲကြီးများဖြင့် ၀င်လာပြီးနောက် ကုတင်ဘေးသို့သွားကာ မျက်မမြင်ကိုယ်လုပ်တော်လေးအား ကူညီပေးလိုက်သည် ။

" မလှုပ်နဲ့ ပြန်လှဲနေလိုက် "

ဧကရာဇ်၏ လက်များမှာ မျက်မမြင်ကိုယ်လုပ်တော်လေး၏ ခါးပေါ်၌ ရှိနေသောကြောင့် သူ၏ လက်ဖ၀ါးအောက်မှ ပိန်ပါးသည့်ခန္ဓာကိုယ်လေးသည် တုန်ရီနေပြီး ချွေးစေးများဖြင့်အေးစက်နေကြောင်းသတိထားမိသွားသဖြင့် မေးလိုက်သည် ။

မျက်မမြင်ကိုယ်လုပ်တော်လေးWhere stories live. Discover now