Chapter 19Mori Sue:
TBC ( 19 )
ကျင်းယုမှာ နန်းတော်မှစစ်သည်များအကြောင်းကြားသည်နှင့် အလွန်ဒေါသထွက်ကာ မည်သည့်အကြောင်းကြောင့်ဖြစ်စေ တိုက်ခိုက်တော့မည့်ပုံပေါ်နေလေသည် ။
" ငါသိသားပဲ ... အဲ့ဒီနန်းတွင်းထဲကအကောင်တစ်ခါလေးလာလိုက်တာနဲ့ ကောင်းတဲ့ကိစ္စတွေမရှိတော့ဘူး ...ပြဿနာကောင် "
ထို့နောက် နံရံပေါ်၌ချိတ်ထားသည့်ဓားရှည်ကိုဆွဲ၍
" ငါတို့ဒီမှာ တစ်ချိန်လုံးအေးအေးချမ်းချမ်းနဲ့နေလာတာကို သူတို့ကအရင်ရန်လာစတာပဲ "
မျက်မမြင်ကိုယ်လုပ်တော်လေးမှာ ကျင်းယုအားအမြန်ဆွဲ၍တားထားရသည် ။
" သူတို့ကလူတွေအများကြီး ... ငါတို့ဘက်မှာက မင်းနဲ့ငါ ပြီးတော့ကလေးတွေပဲရှိတာ ... စိတ်လိုက်မာန်ပါလုပ်လို့မဖြစ်ဘူး ... မင်းအတွက်မင်းမစဥ်းစားရင်တောင်မှကလေးတွေအတွက်စဥ်းစားသင့်တယ် "
ကျင်းယုက ဓားကိုခပ်တင်းတင်းဆုပ်ကိုင်၍ပြောလာ၏ ။
" ဒါဆိုလဲ ငါတစ်ချက်သွားကြည့်လိုက်ဦးမယ် "
မျက်မမြင်ကိုယ်လုပ်တော်လေးနှင့် ကျင်းယုတို့မှာ အခြေအနေအားစစ်ဆေးရန် ဥယျာဥ်မှထွက်လာကြသည် ။
စံအိမ်၏ဂိတ်ပေါက်၀၌ အမဲရောင်သံချပ်ကာ၀တ်စစ်သည်များစွာရှိပြီး နေရောင်အောက်၌ ထိုသူတို့၏အသွင်အပြင်မှာ အားမာန်အပြည့်နှင့်ကြောက်မက်ဖွယ်ကောင်းလှသည် ။ ထိုစစ်သည်များ၏ ခါး၌ ဓားရှည်များကိုချိတ်ဆွဲထားကြပြီး စနစ်တကျလေ့ကျင့်ပေးထားသောတပ်ဖွဲ့တစ်ခုဖြစ်မည်မှန်း မျက်စိပါသူတိုင်းမြင်နိုင်၏ ။
ထို့အပြင် ခေါင်းဆောင်ဖြစ်ဟန်ရသောသူထံ၌ လက်နက်တစ်ခုတစ်လေမျှပင်မရှိဘဲ လက်ထဲ၌ခေါက်ယပ်တောင်တစ်ချောင်းသာရှိပြီး ခါး၌အရည်အသွေးမြင့်ကျောက်စိမ်းတံဆိပ်ပြားတစ်ခုကိုသာချိတ်ဆွဲထားသည် ။
ကျန်းယုက ထိုသူအားတစ်ချက်မျှသာကြည့်ပြီးနောက်အေးစက်စက်ဖြင့်ပြောလာ၏ ။
YOU ARE READING
မျက်မမြင်ကိုယ်လုပ်တော်လေး
FanfictionHello Novel အတိုလေးတစ်ပုဒ်ကြေညာချင်လို့ပါ... Completed ဖြစ်ထားပြီးသားပါ အစဆုံး ၂၈ ပိုင်း (အပိုင်းရှည်) ကို ၁၀၀၀ နဲ့ဝယ်လို့ရပါတယ်ရှင် ... #Wp acc ပါချပေးဖို့ပေမဲ့ ဒီမနက်ပဲ acc ပျက်သွားပါတယ်ရှင် .. IQ Team ကဆိုတာနဲ့ ပထွေးမုန်း မုန်းနေကြတာထင်တယ် 🤣 Ti...