Chapter 25Mori Sue:
TBC ( 25 )
နန်းမြို့တော်၌ မျိုးရိုးအမည် " ၀မ် " ဟုခေါ်သည့်မိသားစုတစ်စုရှိပြီး ထိုမိသားစုမှာဆေးပညာ၌အလွန်ထူးချွန်သောသူများကြောင့် ပြည်သူများကြား၌ကျော်ကြားလေ၏ ။ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဆေးကုသနည်းများကိုလက်ဆင့်ကမ်းအမွေပေးခဲ့ကြပြီး အလွန်ထူးချွန်သည့်သမားတော်များရှိသည့်မိသားစုတစ်ခုပင် ။ ၀မ် မိသားစု၏ခေါင်းဆောင်မှာ ၀မ်၀မ်ဖြစ်ပြီး သူ၏ဆေးပညာစွမ်းရည်မှာအံ့မခန်းပင် ထူးချွန်လှလေသည် ။
လူနာများအား ဂရုဏာတရားလက်ကိုင်ထား၍ ကြင်ကြင်နာနာကုသပေးတတ်ပြီး သူ၏ကောင်းမွန်သည့် ကိုယ်ကျင့်တရားနှင့်စိတ်ဓာတ်မှာ လူအများချီးမွမ်းစရာဖြစ်ခဲ့သည် ။
သတ်လတ်ပိုင်းအရွယ်သို့ရောက်သောအခါမှ သားတစ်ယောက်ထွန်းကားခဲ့သောကြောင့် ထိုကလေးအား အသည်းနှလုံးထဲမှပင် နက်နက်နဲနဲချစ်မြတ်နိုးလေ၏ ။ ထိုကလေး၏ အမည်မှာ ၀မ်မုရန်ဖြစ်ပြီး ဖြူဖွေးသည့်အသားအရေလေးနှင့် ကြီး၀ိုင်းစက်ပြီးအလွန်လှပသည့် မျက်၀န်းတစ်စုံ ကော့ညွှတ်နေသည့်မျက်တောင်ရှည်ကြီးများဖြင့် လှလှပပမွေးဖွားလာခဲ့ခြင်းဖြစ်သည် ။
၀မ်မိသားစုတစ်ခုလုံးမှာ ၀မ်မုရန်လေးအား မိသားစုရတနာလေးတစ်ခုကဲ့သို့ပင် အလိုလိုက်တန်ဖိုးထားမြတ်နိုးကြလေ၏ ။ တစ်နေ့တစ်ခြား အရွယ်ရောက်လာသည့် ၀မ်မုရန်လေးမှာ အလွန်ချစ်စဖွယ်အသွင်အပြင်လေးအပြင် သာယာသည့်အသံလေးဖြင့် ပျားရည်ကဲ့သို့ချိုမြိန်သောစကားများပြောဆိုတတ်သောကြောင့် ၀မ်မိသားစုအကြီးအကဲများမှကလေးငယ်လေးများအဆုံး ၀မ်မုရန်လေးအား မနှစ်သက်သည့်သူမရှိပါပေ ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၀မ်မုရန်လေးမှာ လူငယ်တစ်ဦးအဖြစ်အရွယ်ရောက်လာခဲ့သော်လည်း သူ၏ ချောမောသည့်ရုပ်ရည်မှာလျော့ကျမသွားခဲ့ပေ ။ လူငယ်လေး၏ အသားအရေမှာကျောက်စိမ်းကဲ့သို့ချောမွတ်ကြည်လင်နေပြီး သူ၏ လှပသည့်မျက်၀န်းတစ်စုံမှာမှင်တစ်စက်ကဲ့သို့နက်မှောင်၍ ကန်ရေပြင်ကဲ့သို့တည်ငြိမ်လှသည် ။

ESTÁS LEYENDO
မျက်မမြင်ကိုယ်လုပ်တော်လေး
FanficHello Novel အတိုလေးတစ်ပုဒ်ကြေညာချင်လို့ပါ... Completed ဖြစ်ထားပြီးသားပါ အစဆုံး ၂၈ ပိုင်း (အပိုင်းရှည်) ကို ၁၀၀၀ နဲ့ဝယ်လို့ရပါတယ်ရှင် ... #Wp acc ပါချပေးဖို့ပေမဲ့ ဒီမနက်ပဲ acc ပျက်သွားပါတယ်ရှင် .. IQ Team ကဆိုတာနဲ့ ပထွေးမုန်း မုန်းနေကြတာထင်တယ် 🤣 Ti...