Chapter 6Mori Sue:
TBC. ( 6)
သုံးယောက်သား စျေးထဲသို့ဝင်လာပြီးနောက်တွင် မျက်မမြင်ကိုယ်လုပ်တော်လေးက စိတ်လူပ်ရှားစွာဖြင့် ဟိုဟိုဒီဒီသွားကြည့်ချင်နေသောကြောင့် ရှောင်ပေါင်မှာ ချော်လဲမသွားစေရန် ရင်တမမဖြင့်သာလိုက်လံကြည့်ရူထိန်းသိမ်းနေရလေသည် ။
" သခင် ... လမ်းမပေါ်မှာ မြင်းလှည်းတွေအများကြီးရှိတယ် သတိထားဦး "
" စိတ်မပူပါနဲ့ မြင်းငါ့အနားရောက်လာရင်သိမှာပါ မြင်းခွာသံကိုငါကြားနေရတာပဲကို "
မျက်မမြင်ကိုယ်လုပ်တော်လေးက လမ်းဘေးရှိဆိုင်တန်းလေးများအနီးတွင်လမ်းလျှောက်ရင်း ပျော်ရွှင်စွာဖြင့် ခွေးပေါက်လေးတစ်ကောင်ကဲ့သို့ တရူံ့ရူံ့အနံ့ခံနေလေ၏ ။
" ဂဏန်းအသားလုံးကြော် "
" စန်းရှောင်း ခေါက်ဆွဲ "
" ပိုင်ဝေ စွပ်ပြုတ် "
" ရေခဲစိမ် မက်မွန်သီးတွေ "
မျက်မမြင်ကိုယ်လုပ်တော်လေး၏ ခြေလှမ်းများမှာပေါ့ပါးမြန်ဆန်နေပြီး ကြွေရောင်အသားအရေမှာရှက်သွေးဖြာနေသည့်နှင်းဆီဖျော့ရောင်လေးသမ်းနေသည့်အပြင် နတ်ပြည်ရောက်နေသကဲ့သို့ပျော်ရွှင်နေသည်မှာထင်ရှားသည် ။
ဧကရာဇ်က မျက်မမြင်ကိုယ်လုပ်တော် လေး၏နောက်မှတိတ်တဆိတ်သာလိုက်နေပြီး ကလေးတစ်ယောက်ကဲ့သို့စိတ်လူပ်ရှားပျော်ရွှင်နေသည့် မျက်မမြင်ကိုယ်လုပ်တော် လေးအားပြုံးပြုံးဖြင့်သာကြည့်နေလေ၏ ။
သူ့မျက်နှာလေးက တကယ်ကိုလှပတာပဲ!
အအေးနန်းဆောင်ထဲမှာနေတဲ့ပုံစံနဲ့ စိတ်ခံစားချက်ကအစကွာခြားသွားတာပါလား!
ဘာလို့များ သူ့ကို စောစောစီးစီးမတွေ့ခဲ့ရတာပါလိမ့်?
သူ အများကြီးနစ်နာခံစားခဲ့ရမှာပဲ!
ဧကရာဇ်က တိတ်တဆိတ်သာသက်ပြင်းချမိလေသည် ။
နောက်ဆုံးမှာ သူနဲ့တွေ့ဆုံခွင့်ရခဲ့သေးလို့တော်ပါသေးတယ်!
YOU ARE READING
မျက်မမြင်ကိုယ်လုပ်တော်လေး
FanfictionHello Novel အတိုလေးတစ်ပုဒ်ကြေညာချင်လို့ပါ... Completed ဖြစ်ထားပြီးသားပါ အစဆုံး ၂၈ ပိုင်း (အပိုင်းရှည်) ကို ၁၀၀၀ နဲ့ဝယ်လို့ရပါတယ်ရှင် ... #Wp acc ပါချပေးဖို့ပေမဲ့ ဒီမနက်ပဲ acc ပျက်သွားပါတယ်ရှင် .. IQ Team ကဆိုတာနဲ့ ပထွေးမုန်း မုန်းနေကြတာထင်တယ် 🤣 Ti...