Chapter 9Mori Sue:
TBC. ( 9)
ဧကရာဇ် တော်ဝင်စာကြည့်ဆောင်သို့ပြန်ရောက်သည့်အချိန်တွင် ညနေခင်းအစောပိုင်းဖြစ်နေပြီပင် ။ အချိန်ကြာမြင့်စွာကတည်းက ထိုစာကြည့်ဆောင်အတွင်းတွင် လူတစ်ယောက်ကအသင့်စောင့်နေခဲ့ပြီးဖြစ်သည် ။
ဧကရာဇ်က ထိုင်ခုံတွင်ထိုင်လိုက်ပြီးနောက်မေးလာလေသည် ။
" ကိုယ်တော် မင်းကိုစုံစမ်းထားခိုင်းတဲ့ကိစ္စ... ရလဒ်ကဘယ်လိုရှိလဲ "
" အရှင်မင်းကြီးခိုင်းတဲ့အတိုင်း ဝါးရိပ်မြုံဆိုင်ရှင်ကိုမေးမြန်းကြည့်ခဲ့ပါတယ်... ဝါးရိပ်မြုံစဖွင့်တဲ့အချိန်ကတည်းက ကိုယ်လုပ်တော်လေးကဆိုင်မှာမကြာခဏလာစားလေ့ရှိတာကြောင့် သေချာပေါက်မှတ်မိတယ်လို့ဆိုပါတယ်... အဲ့ဒီအချိန်တုန်းက ကိုယ်လုပ်တော်ရဲ့အပြုအမူနဲ့အပြောအဆိုတွေအရ သာမန်အိမ်ကသခင်လေးတစ်ယောက်မဟုတ်ပဲ မျိုးရိုးမြင့်အိမ်ကဖြစ်နိုင်တယ်လို့ပြောပေမဲ့... ဘယ်မိသားစုထဲကလဲလို့တော့ မသိခဲ့ဘူးလို့ပြောပါတယ် "
ဧကရာဇ်က သူတစ်ယောက်တည်းရေရွတ်နေဟန်ဖြင့်ဆိုလာ၏ ။
" သူအဲ့ဒီကိုမရောက်ဖြစ်တာဘယ်လောက်ကြာပြီတဲ့လဲ "
" ဆိုင်ရှင်ပြောတာကတော့ ခုနှစ်ကျော်လောက်မတွေ့ခဲ့ရတာလို့ပြောပါတယ် "
ဧကရာဇ်က ထွက်သွားရန်လက်ဝှေ့ယမ်းလိုက်သည့်အခါ ထိုလူက တရိုတသေဦးညွတ်လိုက်ပြီးထွက်သွားလေသည် ။
...........................
" ယုလီကို လွန်ခဲ့တဲ့ငါးနှစ်ကတည်းက ကောက်ရခဲ့တာဆိုရင် မင်းအဲ့ဒီအချိန်ကတည်းကအမြင်အာရုံဆုံးရူံးနေခဲ့တယ်လို့ ဆိုလိုတာမဟုတ်ဘူးလား "
" ငါ့အထင်တော့ အဲ့ထက်တောင်စောဦးမယ်ထက်တာပဲ... လွန်ခဲ့တဲ့ခုနှစ်နှစ်တုန်းကဖြစ်လောက်မယ် "
...................
" ဆိုင်ရှင်ပြောတာကတော့ ခုနှစ်ကျော်လောက်မတွေ့ခဲ့ရတာလို့ပြောပါတယ် "
ခုနှစ်နှစ်တောင်...လွန်ခဲ့တဲ့ ခုနှစ်နှစ်တုန်းက...
.....................
YOU ARE READING
မျက်မမြင်ကိုယ်လုပ်တော်လေး
FanfictionHello Novel အတိုလေးတစ်ပုဒ်ကြေညာချင်လို့ပါ... Completed ဖြစ်ထားပြီးသားပါ အစဆုံး ၂၈ ပိုင်း (အပိုင်းရှည်) ကို ၁၀၀၀ နဲ့ဝယ်လို့ရပါတယ်ရှင် ... #Wp acc ပါချပေးဖို့ပေမဲ့ ဒီမနက်ပဲ acc ပျက်သွားပါတယ်ရှင် .. IQ Team ကဆိုတာနဲ့ ပထွေးမုန်း မုန်းနေကြတာထင်တယ် 🤣 Ti...