Chapter 4Mori Sue:
TBC ( 4)
မျက်မမြင်ကိုယ်လုပ်တော်လေးက ထိုလူအားမှတ်မိသွား၍ဝမ်းသာအားရပြောလေသည် ။
" အိုး...မင်းဘာလို့ စောစောကတည်းကရှင်းရှင်းလင်းလင်းမပြောတာလဲ "
ရှောင်ပေါင်လေး ဒူးထောက်ထားဆဲဖြစ်ကြောင်းသူမမြင်ပါချေ ။
" မြန်မြန်...ဧည့်သည်ကိုဧည့်ခံဖို့အတွက် ရေနွေးကြမ်းပြင်လေ "
ရှောင်ပေါင်မှာ သူ၏သခင်ကိုကြည့်လိုက် ဧကရာဇ်ကိုကြည့်လိုက်နှင့် မလူပ်ရဲပါပေ ။ ပတ်ဝန်းကျင်ကို တစ်စက်ကလေးမျှပင်သတိမပြုမိသူမှာ မျက်မမြင်ကိုယ်လုပ်တော်လေးတစ်ယောက်သာဖြစ်လေသည် ။
" မင်းဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ... မင်းရဲ့အထက်အရာရှိကိုရော သတင်းပို့ပြီးပြီလား "
ဧကရာဇ်က ပြုံးကာပြောလေ၏ ။
" ငါ့ရဲ့တာဝန်ချိန်ကပြီးသွားပါပြီ လမ်းကြုံလို့မင်းဆီဝင်လည်တာ "
မျက်မမြင်ကိုယ်လုပ်တော်လေးမှာ သူ့ထံလာလည်သည်ဆိုသောစကားကြောင့်အတိုင်းမသိပျော်ရွှင်သွားရလေသည် ။
" တကယ်တော့ ငါ့ဆီတစ်ယောက်ယောက်လာလည်တယ်ဆိုတာမရှိဖူးဘူး... ဒီလိုနေရာမျိုးကိုလာပြီး ဘယ်သူမှလည်းစကားပြောချင်တာမဟုတ်ဘူးလေ "
" မင်းသဘောကျတယ်ဆိုရင် ငါမကြာခဏလာလည်မယ်လေ ရတယ်မလား "
မျက်မမြင်ကိုယ်လုပ်တော်လေး ချက်ချင်ပင်ပြန်လေသည် ။
" ရတာပေါ့... ရတာပေါ့ "
သူက ဧကရာဇ်အား သားမွှေးထိုင်ဖုံပေါ်တွင် ထိုင်စေကာ ထိုင်ဖုံနှင့်အခင်းကောင်းကြောင်းပြောရန်လည်းမမေ့ပါချေ ။
" အဲ့ဒီမှာထိုင် သားမွှေးကော်ဇောကအရမ်းနူးညံ့တယ် "
ဧကရာဇ် အံ့သြဟန်ဆောင်ကာမေးလေ၏ ။
" နောက်ဆုံးတစ်ခေါက်လာတုန်းက ဒါကိုမတွေ့မိသလိုပါဘဲ မင်းကိုဘယ်သူပေးတာလဲ "

JE LEEST
မျက်မမြင်ကိုယ်လုပ်တော်လေး
FanfictieHello Novel အတိုလေးတစ်ပုဒ်ကြေညာချင်လို့ပါ... Completed ဖြစ်ထားပြီးသားပါ အစဆုံး ၂၈ ပိုင်း (အပိုင်းရှည်) ကို ၁၀၀၀ နဲ့ဝယ်လို့ရပါတယ်ရှင် ... #Wp acc ပါချပေးဖို့ပေမဲ့ ဒီမနက်ပဲ acc ပျက်သွားပါတယ်ရှင် .. IQ Team ကဆိုတာနဲ့ ပထွေးမုန်း မုန်းနေကြတာထင်တယ် 🤣 Ti...