Chapter 13Mori Sue:
TBC. ( 13 )
ဧကရာဇ်မှာ တော်ဝင်စာကြည့်ဆောင်၌ လျှောက်လွှာများဖတ်နေဆဲဖြစ်ပြီး ထိုအချိန်၌ အပြင်ဘက်တွင်မိုးသည်းထန်စွာရွာသွန်းနေဆဲဖြစ်သည် ။ ဧကရာဇ်က လျှောက်လွှာများကိုခဏချ၍ အပြင်ဘက်ရှိအခြေအနေကိုတစ်ချက်မျှခေါင်းမော့ကြည့်ပြီးနောက် လျှောက်လွှာများကိုသာဆက်လက်ကြည့်ရူနေတော့သည် ။
ထိုအချိန်၌အစေခံတစ်ဦးမှ လာရောက်သတင်းပို့လာသည် ။
" အစေခံတစ်ဦးကနန်းဆောင်ရှေ့မှာ အရှင်မင်းကြီးကိုတွေ့ဖို့ခွင့်တောင်းနေပေမဲ့ အစောင့်တွေကတားဆီးနေထားပါတယ်... အဲ့ဒီလူက မိုးသည်းထဲမှာတောင်ထွက်သွားဖို့ငြင်းဆန်နေပြီး မိုးရေထဲမှာရပ်စောင့်နေပါတယ် "
ဧကရာဇ်က မျက်ခုံးတစ်ချက်ပင့်တင်လိုက်သည် ။
" အဲ့ဒီတစ်ယောက်က မျက်စိမမြင်ရဘူးလား "
" မဟုတ်ပါဘူး... အဲ့ဒီလူကမျက်လုံးမြင်ရပါတယ် "
ဧကရာဇ်က ရေနွေးကြမ်းတစ်ငုံသောက်ပြီးနောက်ဆက်ပြောလာ၏ ။
" ဒါဆိုလဲ သူ့ကိုဘာကိစ္စလဲဆိုတာမေးလိုက် "
အစေခံက အမြန်ထွက်သွား၍မေးမြန်းပြီးနောက် ဧကရာဇ်၏ နားအနီးသို့ကပ်ကာ တစ်စုံတစ်ရာကို ခပ်တိုးတိုးပြောဆိုလာသည် ။
ဧကရာဇ်၏ နှလုံးသားတစ်ခုလုံးမှာ အလွန်အေးစက်သွားလေ၏ ။
" မျက်မမြင်ကိုယ်လုပ်တော်လေးက ပျောက်နေတယ် "
အစေခံက အရိုအသေပေးပြီးနောက်ပြန်လည်ဖြေကြားလာ၏ ။
" ဟုတ်ပါတယ်အရှင်... ပျောက်နေတာအမှန်ပါပဲ မိုးအရမ်းရွာထားတော့ လမ်းတွေကချောပြီးချော်လဲနေတာဖြစ်နိုင်သလို...သတိမထားမိဘဲတစ်နေရာရာမှာထိခိုက်..."
" တိတ်စမ်း "
ဧကရာဇ်က ကျယ်လောင်စွာအော်ဟစ်လိုက်လေသည် ။
" မြန်မြန်လူတွေခေါ်ပြီးသွားရှာတော့လေ... ဒီနေရာမှာဘာရပ်လုပ်နေသေးတာလဲ "
YOU ARE READING
မျက်မမြင်ကိုယ်လုပ်တော်လေး
FanfictionHello Novel အတိုလေးတစ်ပုဒ်ကြေညာချင်လို့ပါ... Completed ဖြစ်ထားပြီးသားပါ အစဆုံး ၂၈ ပိုင်း (အပိုင်းရှည်) ကို ၁၀၀၀ နဲ့ဝယ်လို့ရပါတယ်ရှင် ... #Wp acc ပါချပေးဖို့ပေမဲ့ ဒီမနက်ပဲ acc ပျက်သွားပါတယ်ရှင် .. IQ Team ကဆိုတာနဲ့ ပထွေးမုန်း မုန်းနေကြတာထင်တယ် 🤣 Ti...