Chapter 18.2

670 95 0
                                    


Chapter 18.2







ထိုနှစ်ဦးသာအချိန်အတော်ကြာဆက်လက်၍ တိုက်ပွဲ၀င်နေခဲ့ကြပြီး ရလဒ်အနေနှင့်ရေချိုးထားသကဲ့သို့ချွေးများနစ်နေသော်လည်း မိုးချုပ်သည့်အချိန်အထိမရပ်တန့်ခဲ့ကြပေ ။

ကော်ကင်ယံ၌ နေ့အလင်းရောင်မှာလုံး၀ပျောက်ကွယ်သွားပြီဖြစ်သည် ။

မျက်မမြင်ကိုယ်လုပ်တော်လေးမှာ ထိုနေရာ၌သာထိုင်နေဆဲဖြစ်ပြီး ပန်းရနံ့များကိုရူရိူက်ရင်းနှင့်ပင် တိတ်တဆိတ်ထိုင်နေလေ၏ ။ လက်ဖက်ရည်ကြမ်းမှာလည်း အေးစက်သွားသည်မှာကြာပြီဖြစ်သည် ။

ချီရှန်းနှင့် လှပသည့်အမျိုးသားတို့မှာ အခြားသောလမ်းတစ်ခုမှတစ်ဆင့် မျက်မမြင်ကိုယ်လုပ်တော်လေးရှိသည့် နေရာသို့အတူတူ၀င်လာကြသည် ။

စစ်သူကြီးချီက မျက်မမြင်ကိုယ်လုပ်တော်လေးအား ပြောပြလာသည် ။

" ဒါကငါ့ရဲ့ ဆရာတူညီလေးပဲ သူ့နာမည်က ကျင်းယုတဲ့ မင်းဒီမှာနေမယ်ဆိုရင် သူကစောင့်ရှောက်ပေးမှာမို့လို့ စိတ်အေးလက်အေးနေလို့ရတယ် "

ထိုသို့ပြောနေရင်းနှင့်ပင် ချီရှန်းက ကျင်းယု၏ လက်အားခပ်ဖွဖွပွတ်သပ်နေလေ၏ ။ ကျင်းယုက သားရဲကောင်ချီရှန်း၏ လက်အားအသံမြည်သည်အထိရိုက်ထုတ်လိုက်ပြီးနောက် နွေးထွေးသည့်အပြုံးလေးတစ်ပွင့်အား ဆင်မြန်း၍ မျက်မမြင်ကိုယ်လုပ်တော်လေးအားပြောလာသည် ။

" ချီရှန်းနဲ့ငါက ငယ်ငယ်လေးကတည်းကသိလာကြတာ ... သူကစောင့်ရှောက်ပေးဖို့လူခေါ်လာတယ်ဆိုမှတော့ သေချာပေါက်ဂရုစိုက်ပေးရမှာပေါ့ ... ဒီနေရာက အရမ်းကိုရာသီဥတုသာယာပြီးနေလို့ကောင်းတာနော် ပြီးတော့လဲ တောင်ပေါ်ရူခင်းတွေက အရမ်းအရမ်းကိုမှလှတာ နေလို့အသင့်တော်ဆုံးပဲ "

မျက်မမြင်ကိုယ်လုပ်တော်လေးက အားနာနာနှင့်ပြောလိုက်သည် ။

" ကျွန်တော့်ကြောင့် ဒုက္ခများကြရပါပြီ ... ဒုက္ခပေးမိလို့တောင်းပန်ပါတယ်နော် "

စစ်သူကြီးချီက ထိုစံအိမ်၌ တစ်ညသာနေ၍ နောက်တစ်နေ့နံနက်၌ တာ၀န်ပြီးမြောက်ကြောင်းမယ်တော်ကြီးအားသတင်းပို့ရန် မြို့တော်သို့အမြန်ပြန်သွားရမည်ဖြစ်သည် ။



မျက်မမြင်ကိုယ်လုပ်တော်လေးOù les histoires vivent. Découvrez maintenant