Chapter 12Mori sue
:
TBC ( 12 )
ဧကရာဇ်က ခန်းမဆောင်ထဲသို့ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်လာပြီး သူ၏အသံမှာလည်းအလွန်လေးနက်တည်ကြည်နေလေသည် ။
" နေ့လည်တုန်းက စစ်သူကြီးက လွေ့ဇီကိုအပြစ်ပေးလိုက်တယ်လို့ကြားတယ် ဘာများဖြစ်သွားသေးလဲလို့ ငါကိုယ်တော်လာကြည့်တာ "
ဧကရာဇ်၏ အသံအားကြားသည်နှင့် မျက်မမြင်ကိုယ်လုပ်တော်လေးမှာကြောက်ရွံ့မူကြောင့် တစ်ကိုယ်လုံး တုန်ရီလာပြီး ကြမ်းပြင်ပေါ်သို့ ဒူးထောက်ချလိုက်လေသည် ။
ဧကရာဇ်ကိုယ်တိုင်လည်း မျက်မြင်ကိုယ်လုပ်တော်လေးက မင်းသားငယ်လေးနှင့်အတူရှိနေလိမ့်မည်ဟု မျှော်လင့်ထားပုံမရသောကြောင့် တောင့်တောင့်ကြီးရပ်နေကာ ဘာဆက်လုပ်ရမည်မသိဖြစ်နေလေ၏ ။
ကြမ်းပြင်ပေါ်၌ ဒူးထောက်နေသည့်မျက်မမြင်ကိုယ်လုပ်တော်လေး၏ ပိန်ပါးသောခန္ဓာကိုယ်မှာ ဧကရာဇ်၏ မြင်ကွင်းမှကြည့်လျှင်လက်မောင်းသေးသေးလေးများကိုပင်မြင်ရလုနီးနီးဖြစ်နေလေသည် ။
ဧကရာဇ်က သူ၏ယပ်တောင်ကိုပိတ်လိုက်ပြီးနောက် ယခင်ကထက်အသံအနေအထားကိုအများကြီးလျှော့ချကာ တိုးတိုးလေးပြောလာ၏ ။
" ငါကိုယ်တော် တော်ဝင်စာကြည့်ဆောင်မှာဖတ်စရာလျှောက်လွှာတွေအများကြီးရှိသေးတာ မေ့သွားတယ်ကြည့်စမ်း ...နောက်တစ်ခေါက်မှပဲ အေးအေးဆေးဆေးပြန်လာကြည့်တော့မယ် "
ထို့နောက် တစ်ချက်မျှပင်လှည့်မကြည့်တော့ဘဲ သုတ်ချေတင်ထွက်သွားလေ၏ ။ မျက်မမြင်ကိုယ်လုပ်တော်လေးမှာ ယခုအချိန်ထိခေါင်းပင်မော့လာခြင်းမရှိဘဲတုန်တုန်ရီရီဖြစ်နေသောကြောင့် ရှောင်ပေါင်ကမတ်တပ်ရပ်နိုင်စေရန်ကူတွဲပေးရင်းပြောလိုက်သည် ။
" သခင်... အရှင်မင်းကြီးထွက်သွားပါပြီ "
မျက်မမြင်ကိုယ်လုပ်တော်လေး၏ မျက်နှာအမူအယာမှာ အလွန်အသက်မဲ့နေသောကြောင့် မင်းသားလေးက မေးလာလေ၏ ။

ВЫ ЧИТАЕТЕ
မျက်မမြင်ကိုယ်လုပ်တော်လေး
ФанфикHello Novel အတိုလေးတစ်ပုဒ်ကြေညာချင်လို့ပါ... Completed ဖြစ်ထားပြီးသားပါ အစဆုံး ၂၈ ပိုင်း (အပိုင်းရှည်) ကို ၁၀၀၀ နဲ့ဝယ်လို့ရပါတယ်ရှင် ... #Wp acc ပါချပေးဖို့ပေမဲ့ ဒီမနက်ပဲ acc ပျက်သွားပါတယ်ရှင် .. IQ Team ကဆိုတာနဲ့ ပထွေးမုန်း မုန်းနေကြတာထင်တယ် 🤣 Ti...