Chapter 18.1Mori Sue:
TBC ( 18 )
ထိုအသံအားကြားသောအခါ စစ်သူကြီးချီက ရီမောရင်းနှင့်ပင်ခေါင်းမော့ကြည့်လာ၏ ။
" ငါမင်းနဲ့မတွေ့ရတာတောင် အရမ်းအရမ်းကိုကြာနေပြီ စကားအေးဆေးပြောကြရအောင် "
ထိုလူက စစ်သူကြီးချီ၏ ကျောပေါ်၌ရှိနေသည့် လူငယ်လေးအားအကဲခတ်နေပြီးနောက် ပြောလာလေသည် ။
" ငါတို့ စကား၀ိုင်းက သာမန်စကား၀ိုင်းတစ်ခု ဟုတ်မနေမှာကိုပဲငါစိုးရိမ်မိသား ... မင်းမှာ ပြဿနာတစ်ခုခုရှိနေတာမှမဟုတ်ရင် ဘယ်လိုလုပ်လူသူနဲ့ဝေးကွာပြီး တောတောင်ထဲမှာနေတဲ့ ငါ့ကိုသတိရနိုင်ပါ့မလဲ "
စစ်သူကြီးချီက ထိုသူ၏စကားများထဲမှ ဓားသွားများကိုခံစားမိသောကြောင့် သတိထား၍ဂရုတစ်စိုက်ဖြင့်ဆိုလာ၏ ။
" မှန်ပါတယ် ... နှစ်တွေအကြာကြီး ငါမင်းကိုလာမတွေ့မိတာကငါ့ရဲ့အမှားပါ ... ဒါကြောင့်မို့လို့ မင်းဆူချင်ဆူ ရိုက်ချင်ရိုက်သဘောပါပဲ "
ထိုလူက ' ဟမ့် ' ဟု အသံအကျယ်ကြီးထွက်အောင်ပြောဆိုပြီးနောက် ခြံ၀န်းထဲသို့လှည့်၀င်သွားသောကြောင့် စစ်သူကြီးချီလည်းနောက်မှအမြန်လိုက်၀င်လိုက်ရသည် ။
မျက်မမြင်ကိုယ်လုပ်တော်လေးက ခပ်ဖွဖွရီမော၍ စနောက်လာ၏ ။
" စစ်သူကြီးချီမှာလဲ တစ်စုံတစ်ယောက်ကိုနိုင်အောင်မပြောနိုင်ဘဲ အရူံးပေးရတဲ့အချိန်ဆိုတာရှိသေးတာပဲနော် "
စစ်သူကြီးချီက နဖူးမှချွေးများကိုလက်ဖြင့်သပ်လိုက်ပြီးနောက်
" အဲ့ဒီ ညီငယ်လေးကလေ စိတ်အပြောင်းအလဲအရမ်းမြန်ပြီးအရမ်းကလေးဆန်တတ်တာ ... ငါတို့ဆရာ့လက်အောက်မှာအတူတူပညာသင်ကြတုန်းကဆိုရင် အစ်ကိုတွေအကုန်လုံးကသူ့အတွက်ပဲစိတ်ပူပေးနေရတာ ဆရာကသူ့ကိုအချစ်ဆုံးဆိုတော့ အမြဲတမ်းအလိုလိုက်ခံရပြီးဆိုးနေလေ့ရှိတယ် ... သူ့ကိုညင်ညင်သာသာချော့မော့ပြောလို့ စိတ်ချမ်းသာသွားတယ်ဆိုရင်လဲ အရူံးမရှိပါဘူးလေ "
YOU ARE READING
မျက်မမြင်ကိုယ်လုပ်တော်လေး
FanfictionHello Novel အတိုလေးတစ်ပုဒ်ကြေညာချင်လို့ပါ... Completed ဖြစ်ထားပြီးသားပါ အစဆုံး ၂၈ ပိုင်း (အပိုင်းရှည်) ကို ၁၀၀၀ နဲ့ဝယ်လို့ရပါတယ်ရှင် ... #Wp acc ပါချပေးဖို့ပေမဲ့ ဒီမနက်ပဲ acc ပျက်သွားပါတယ်ရှင် .. IQ Team ကဆိုတာနဲ့ ပထွေးမုန်း မုန်းနေကြတာထင်တယ် 🤣 Ti...