Chapter 8Mori Sue:
TBC. ( 8)
နောက်တစ်နေ့ နေ့လည်ခင်းအချိန်၌ ဧကရာဇ်က အအေးနန်းဆောင်သို့ သူ၏ဝါးယပ်တောင်အားကိုင်ကာ တစ်ဖက်၌ အလွန်စိတ်ဝင်စားဖွယ်အရာတစ်ခုကိုကိုင်ရင်းလျှောက်လာလေသည် ။
ခြံဝင်းအဝကတည်းကပင် မျက်မမြင်ကိုယ်လုပ်တော်လေးကထိုအရာ၏ အသံကိုကြားထားပြီးဖြစ်၍ အံ့သြတကြီးပြောလိုက်သည် ။
" အဲ့တာ တေးသီငှက်တွေရဲ့အသံမဟုတ်လား... နားထောင်လို့ကောင်းလိုက်တာ "
ဧကရာဇ် ၏မျက်နှာပေါ်မှအပြုံးမှာပိုမိုတောက်ပလာလေ၏ ။
" ငါမင်းအတွက်ယူလာခဲ့တာ ...သူတို့က သီချင်းဆိုနိုင်တယ် "
ထို့နောက် မျက်မမြင်ကိုယ်လုပ်တော်လေး၏ လက်ထဲသို့ငှက်လှောင်အိမ်ကိုထည့်ပေးလိုက်သည် ။
လှောင်အိမ်ထဲရှိတေးသီငှက်နှစ်ကောင်၏ အသံမှာအလွန်ချိုသာပြီးနားထောင်ရုံနှင့်ပင်စိတ်အေးချမ်းမူရရှိစေနိုင်သည် ။ မျက်မမြင်ကိုယ်လုပ်တော် လေးကလှောင်အိမ်ကိုကိုင်ထားရင်း ဧကရာဇ်ကိုပြုံးပြကာကျေးဇူးတင်လိုက်သည် ။
" ဒီအတွက်ကျေးဇူးပါပဲ "
ရှောင်ပေါင်က မျက်မမြင်ကိုယ်လုပ်တော်လေးထံမှ ငှက်လှောင်အိမ်ကိုယူလိုက်ပြီးနောက် အမြင့်တစ်နေရာတွင်ချိတ်ဆွဲပေးရင်း ငှက်များ၏ပုံစံကို မျက်မမြင်ကိုယ်လုပ်တော်လေးသိစေရန်ပြောပြလိုက်သည် ။
" တစ်ကောင်က အနီရောင်အမွှေးအတောင်တွေရှိပြီး တစ်ကောင်ကငွေဖြူရောင်ရှိတယ် အရမ်းလှတာပဲ "
ငပျင်းလေးယုလီမှာလည်း စိတ်ဝင်စားစရာတစ်ခုခုကိုမလွတ်မခံနိုင်သကဲ့သို့ လှောင်အိမ်ထဲသို့ချောင်းကြည့်လိုက်ပြီးနောက် " မြောင် " ဟုတစ်ချက်အသံပြုလာ၏ ။
မျက်မမြင်ကိုယ်လုပ်တော်လေးက ယုလီအား ကောက်ချီလိုက်ပြီးနောက် အမွှေးများကိုအသာအယာပွတ်သပ်ပေးနေသည် ။
" မင်းမဟုတ်တာတွေကြံမနေနဲ့နော် ယုလီ "
ရှောင်ပေါင်က အခွင့်အရေးရသည်နှင့် ယုလီအားပြောဆိုလာတော့၏ ။
YOU ARE READING
မျက်မမြင်ကိုယ်လုပ်တော်လေး
FanfictionHello Novel အတိုလေးတစ်ပုဒ်ကြေညာချင်လို့ပါ... Completed ဖြစ်ထားပြီးသားပါ အစဆုံး ၂၈ ပိုင်း (အပိုင်းရှည်) ကို ၁၀၀၀ နဲ့ဝယ်လို့ရပါတယ်ရှင် ... #Wp acc ပါချပေးဖို့ပေမဲ့ ဒီမနက်ပဲ acc ပျက်သွားပါတယ်ရှင် .. IQ Team ကဆိုတာနဲ့ ပထွေးမုန်း မုန်းနေကြတာထင်တယ် 🤣 Ti...