Chapter 27Mori Sue:
TBC ( 27 )
နောက်ဆုံး၌ ဧကရာဇ်က ရှောင်ပေါင်လေးအား မျက်မမြင်ကိုယ်လုပ်တော်လေးအားခစားရန်အတွက် နန်းဆောင်သို့ ပြန်လည်ဆင့်ခေါ်လိုက်လေသည် ။ တော်၀င်နန်းဆောင်မှ ကုန်းကုန်းချုပ်ကိုယ်တိုင် လိုက်လံပို့ဆောင်ပေးခဲ့ပြီး လမ်းတစ်လျှောက်လုံး၌ တိတ်တိတ်သာနေပြီးစကားမပြောပါချေ ။ သူနန်းတွင်းထဲသို့ စ၀င်လာသည့်အချိန်၌ မယ်တော်ကြီး၏ နန်းဆောင်တွင်တာ၀န်ချထားပေးခံခဲ့ရသည် ။
အသက်အရွယ်ငယ်ရွယ်သေးသောကြောင့် အနိုင်ကျင့်နှိပ်စက်ခံခဲ့ရပြီး တစ်ကြိမ်တစ်ခါမျှပင် ၀၀ လင်လင်မစားသောက်ခဲ့ရပေ ။ နေ့စဥ်နေ့တိုင်း အရိုက်ခံရသောကြောင့် အမြဲငိုယိုနေခဲ့ရ၏ ။
ဆောင်းတွင်းကာလတစ်ရက်၌ မယ်တော်ကြီးက အအေးနန်းဆောင်အတွင်းရှိတစ်စုံတစ်ယောက်အား စောင့်ကြည့်ရန်လူရှာနေခဲ့သည် ။ အစေခံတစ်ယောက်မှသွားလိုစိတ်မရှိသောကြောင့် သူ့ကိုသာလွှဲချစေလွှတ်ခဲ့ကြသည် ။
ရှောင်ပေါင်လေးမှာ ငယ်ရွယ်သည့်ကလေးလေးအဖြစ်သာရှိနေသေးပြီး အနောက်နန်းဆောင်အတွင်းရှိလှည့်ကွက်များအကြောင်းမသိပါချေ ။ မယ်တော်ကြီး၏ မျက်နှာကိုပင် တစ်ခါမှမမြင်ဖူးခဲ့ပေ ။
မယ်တော်ကြီးနန်းဆောင်မှ ကုန်းကုန်းအိုကြီးက အအေးနန်းဆောင်သို့လိုက်ပို့ပေးခဲ့၏ ။
တစ်ခါ၌ မျက်မမြင်ကိုယ်လုပ်တော်လေးကသူ့အား ဘယ်အသီးစားရသည်ကို ကြိုက်နှစ်သက်လဲ ဟုမေးခဲ့ဖူးသည် ။
အချိန်အတော်ကြာ စဥ်းစားပြီးကာမှ လိမ္မော်သီးဟုဖြေခဲ့၏ ။
အစေခံတစ်ယောက်အနေဖြင့် တန်ဖိုးကြီးသစ်သီးများအကြောင်းကိုမသိရုံသာမက စားရန်အတွက်ဆိုလျှင်ပို၍ပင်ဝေးသေး၏ ။
ထို့နေ့အထိပင် မျက်မမြင်ကိုယ်လုပ်တော်လေးက သူ့အား လိမ္မော်သီးတစ်ခြမ်းခွဲဝေပေးလာသည် ။ ဆောင်းတွင်းကာလတစ်ခု၌ အအေးနန်းဆောင်သို့ပြန်သည့်လမ်းတစ်နေရာတွင် လိမ္မော်သီးတစ်လုံးရှာတွေ့ခဲ့၏ ။ နန်းဆောင်တစ်ခုခုသို့ပို့ဆောင်သည့်အသီးများထဲမှ ပြုတ်ကျကျန်ခဲ့ခြင်းဖြစ်နိုင်သည် ။
YOU ARE READING
မျက်မမြင်ကိုယ်လုပ်တော်လေး
FanfictionHello Novel အတိုလေးတစ်ပုဒ်ကြေညာချင်လို့ပါ... Completed ဖြစ်ထားပြီးသားပါ အစဆုံး ၂၈ ပိုင်း (အပိုင်းရှည်) ကို ၁၀၀၀ နဲ့ဝယ်လို့ရပါတယ်ရှင် ... #Wp acc ပါချပေးဖို့ပေမဲ့ ဒီမနက်ပဲ acc ပျက်သွားပါတယ်ရှင် .. IQ Team ကဆိုတာနဲ့ ပထွေးမုန်း မုန်းနေကြတာထင်တယ် 🤣 Ti...