Chapter 11Mori Sue:
TBC ( 11)
" ရှောင်ပေါင် "
မျက်မမြင်ကိုယ်လုပ်တော်လေးကအအေးနန်းဆောင်၏အပေါက်ဝတွင်ရပ်၍ ရှောင်ပေါင်အားမေးလာ၏ ။
" မင်း သေသေချာချာထုပ်ပိုးရဲ့လား "
" ဟုတ်ကဲ့သခင်...ကျွန်တေည် လိုအပ်တာတွေအကုန်လုံးကို သေသေချာချာစစ်ပြီးထည့်ထားပါတယ် "
" အင်း... "
မျက်မမြင်ကိုယ်လုပ်တော်လေးမှာ အအေးနန်းဆောင်ခြံဝန်းလေးရှိ အပေါက်ဝမှသစ်သားတံခါးဘောင်အားလက်ဖြင့်ကိုင်ထားသော်လည်း သူ၏မျက်တောင်ရှည်ကြီးများမှာ စိတ်လူပ်ရှားမူကြောင့်တုန်ယင်နေသည်ကိုတော့ ဖုံးကွယ်၍မရပါချေ ။
" ရုတ်တရက်ကြီး ဒီကနေထွက်သွားရမယ်ဆိုတော့လဲ... ငါ့ဆီကနေတစ်စုံတစ်ခုဆုံးရူံးသွားသလိုခံစားရတယ် "
ရှောင်ပေါင်က ခြံဝန်းငယ်လေးကိုတစ်ချက်မျှဝေ့ဝဲကြည့်ရူလိုက်ပြီးနောက် ပြောလာသည် ။
" ကျွန်တော်တို့ ဒီနေရာလေးမှာ နှစ်တော်တော်ကြာနေထိုင်ခဲ့တာပဲလေ "
ဧကရာဇ်က ဘေးနားတွင်ဝင်ရပ်ပြီးနောက် ပြောလေသည် ။
" မင်းသားလေးကပြောတယ်... တကယ်လို့ မင်းတို့ဒီနေရာကိုသတိရတယ်ဆိုရင် တစ်လမှာ တစ်ရက်နှစ်ရက်လောက်တော့ပြန်လာနေလို့ရတယ်တဲ့ ...မင်းဒီနေရာမှာ နေ့စဥ်သုံးပစ္စည်းတွေထားခဲ့မယ်ဆိုရင်တောင်မှ ဘယ်သူမှရွေ့ရဲမှာမဟုတ်ဘူး... မင်းသားလေးက ဒီနေရာကိုသန့်ရှင်းဖို့ နေ့တိုင်းအစေခံတွေပို့ပေးလိမ့်မယ် "
မျက်မမြင်ကိုယ်လုပ်တော်လေးမှာ အားနာသလိုပင်ခံစားလာရသည် ။
" မင်းသားလေးကို ကျေးဇူးတင်ရမှာပဲ ...နန်းတော်ရဲ့စည်းမျဥ်းတွေအရ မင်းသားလေးက ဧကရာဇ်ကိုတောင်းပန်ပြီး ပြောလိုက်လို့ငါပြောင်းရွေ့ရတာဖြစ်လောက်မယ် ...မင်းသားလေးက စာလေ့လာရတာနဲ့တောင်ပင်ပန်းနေတာ ငါ့ကြောင့်သူတာဝန်ပိုနေပါဦးမယ် "
ဧကရာဇ်က ရင်တုန်ပန်းတုန်နှင်ပြန်ဖြေလိုက်၏ ။
" သူအဲ့ဒီလိုတွေးမှာမဟုတ်လောက်ပါဘူး "

YOU ARE READING
မျက်မမြင်ကိုယ်လုပ်တော်လေး
FanfictionHello Novel အတိုလေးတစ်ပုဒ်ကြေညာချင်လို့ပါ... Completed ဖြစ်ထားပြီးသားပါ အစဆုံး ၂၈ ပိုင်း (အပိုင်းရှည်) ကို ၁၀၀၀ နဲ့ဝယ်လို့ရပါတယ်ရှင် ... #Wp acc ပါချပေးဖို့ပေမဲ့ ဒီမနက်ပဲ acc ပျက်သွားပါတယ်ရှင် .. IQ Team ကဆိုတာနဲ့ ပထွေးမုန်း မုန်းနေကြတာထင်တယ် 🤣 Ti...