Chapter 7Mori Sue:
TBC. ( 7)
ညမိုးချုပ်ရန်နီးလာသောအချိန်တွင် မျက်မမြင်ကိုယ်လုပ်တော်လေးမှာ အေးသလိုခံစားလာရသည် ။
" ရှောင်ပေါင် အခု မိုးချုပ်ခါနီးပြီလားဟင် "
ရှောင်ပေါင်လေးမှာ ဖြေရန်ပါးစပ်ဟလိုက်သည့်အချိန်တွင်ပင် ဧကရာဇ်က လက်ဦးမူရယူကာအမြန်ဝင်ပြောလိုက်သည် ။
" မချုပ်သေးပါဘူး နောက်ထပ်နှစ်နာရီလောက်လိုသေးတယ် "
ထိုအခါမှသာ မျက်မမြင်ကိုယ်လုပ်တော်လေး၏ ကြုတ်ထားသောမျက်ခုံးတန်းတန်းတို့မှာပြေလျှော့သွားရပြီး စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည် ။
" တော်ပါသေးရဲ့ ငါက မိုးချုပ်ရင်နန်းတော်တံခါးပိတ်သွားမှာစိုးရိမ်နေတာ "
" စိတ်မပူပါနဲ့သခင်ရယ် နွေရာသီကနေ့တာရှည်ပါတယ် ကျွန်တော်တို့အချိန်မှီပြန်ရောက်မှာပါ "
လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်တွင် လက်ဖက်ရည်ဝင်သောက်ကြပြီးနောက် သကြားလုံးတချို့အပြင် အချိုမုန့်များဝယ်ပြီးချိန်၌ ကောင်းကင်ယံ၌ လရောင်ပင်လင်းထိန်နေပြီဖြစ်သည် ။ ဧကရာဇ်က မျက်မမြင်ကိုယ်လုပ်တော် လေးအားနန်းတော်သို့လမ်းလျှောက်မပြန်စေလိုသည့်အတွက် မြင်းလှည်းတစ်စီးငှားလိုက်သည် ။
မိုးချုပ်သွားပြီဖြစ်သည့်အပြင် မူန်ရီမူန်ဝါးလရောင်တစ်ခုတည်းသာရှိသောကြောင့် ဧကရာဇ်က မီးအိမ်ကိုကိုင်စွဲရင်း မျက်မမြင်ကိုယ်လုပ်တော်လေးအား အအေးနန်းဆောင်ခြံဝန်းထိပ်ထိလိုက်ပို့လေသည် ။
မျက်မမြင်ကိုယ်လုပ်တော်လေးက ဧကရာဇ်အား အလွန်ကျေးဇူးတင်နေသည် ။
" မင်းကြောင့် ငါဒီနေ့အရမ်းပျော်ခဲ့ရတယ်... ကျေးဇူးပါပဲ "
ဧကရာဇ်က ဝါးယပ်တောင်ကိုခပ်ရင်းပြန်ဖြေလိုက်သည် ။
" ဒါကဘာမှမဟုတ်ပါဘူး "
မျက်မမြင်ကိုယ်လုပ်တော်လေးက ရှောင်ပေါင်၏ လက်ထဲမှ အချိုမုန့်အိတ်ကိုယူ၍ ဧကရာဇ်အားပေးလိုက်သည် ။
![](https://img.wattpad.com/cover/341373280-288-k487294.jpg)
YOU ARE READING
မျက်မမြင်ကိုယ်လုပ်တော်လေး
FanfictionHello Novel အတိုလေးတစ်ပုဒ်ကြေညာချင်လို့ပါ... Completed ဖြစ်ထားပြီးသားပါ အစဆုံး ၂၈ ပိုင်း (အပိုင်းရှည်) ကို ၁၀၀၀ နဲ့ဝယ်လို့ရပါတယ်ရှင် ... #Wp acc ပါချပေးဖို့ပေမဲ့ ဒီမနက်ပဲ acc ပျက်သွားပါတယ်ရှင် .. IQ Team ကဆိုတာနဲ့ ပထွေးမုန်း မုန်းနေကြတာထင်တယ် 🤣 Ti...