"ရှိန်း ဟိုမှာ မင်းလူကြီးလာနေပြီ"
သူငယ်ချင်းဖြစ်သူထက်အောင်၏စကားကြောင့် လှည့်ကြည့်လိုက်တော့ လူဆီတန်းတန်းမတ်မတ်လျှောက်လာနေသည့် ဟိုဦးလေးကြီး
ဒီဦးလေးကြီးက ဘာဖြစ်ချင်နေတာလဲမသိ၊သူ့သူငယ်ချင်းဆီလည်း ရှင်းပြပြီးပြီပဲကို အခုထိ လူကိုလိုက်ပတ်သက်နေတုန်း
ရှပ်အင်္ကျီကိုလက်ခေါက်ဝတ်ပြီး ရှူးဂါးဒယ်ဒီအထာနဲ့ လျှောက်လာသူကို ရှိန်း နှာခေါင်းရှုံ့လို့သာ အကြည့်ပြန်လွှဲလိုက်မိသည်။"ချာတိတ် မူးနေပြီလား"
"ကျွန်တော့်ရုပ်က မူးတဲ့ရုပ်ပေါက်နေလို့လား"
"ဪ ဝါရင့်အရက်သမားတွေက တော်ရုံမူးနေတောင် ပုံမှန်လိုနေနိုင်ကြတယ်လေ"
လူကို အရက်ဂျိုးလို့ သွယ်ဝိုက်ဆိုချင်နေတဲ့သူကြီးကို ရှိန်းတစ်ယောက် မျက်စောင်းတွေချည်းသာ လှိမ့်ထိုးနေမိသည်။
တကယ်ဆို အပေါင်းအသင်းတွေနဲ့ ပျော်ပါးချင်လို့သာ ဒီလိုဘားတွေ၊ကလပ်တွေကိုလာတာ
သူက မူးရူးနေအောင်ဖြင့် တစ်ခါမှသောက်ဖူးတာမဟုတ်။ကော့တေးလ်တစ်ခွက်၊ဘီယာတစ်ခွက်လောက်နဲ့ အမြည်းချည်းထိုင်စားတဲ့အဖွဲ့က။"ဟဲဟဲ နှစ်ယောက်သား စကားပြောနှင့်ကြဦးနော့်၊ကျွန်တော်သွားကလိုက်ဦးမယ်"
"ဟာ ငါလည်းလိုက်မှာလို့ ထက်အောင်"
"မင်းကလည်း ဧည့်သည်ရှိနေတာကို ဧည့်ခံရမှာပေါ့၊ပြီးမှက
သွားပြီ ဟေ့ကောင်၊ဦးလေး သွားလိုက်ဦးမယ်နော့်"ပြုံးဖြဲဖြဲနဲ့ထိုကောင်လေးထွက်သွားတာနဲ့ နှုတ်ခမ်းစူပြီး လူကိုမကြည်သလိုကြည့်လာတဲ့ကောင်လေး
ဒီကောင်လေးက လှတာတော့ အတော်ကြီးကိုလှတာ၊သူ့ပုံကိုက ချောလိုက်တာဆိုတာထက် လှလိုက်တာဆိုတဲ့စကားမျိုးနဲ့ ပိုသင့်တော်တဲ့အလှတရားမျိုး
နှုတ်ခမ်းတွေက နှင်းဆီဖူးလိုရဲစိုနေပြီး နှာတံထင်းထင်းလေးက ထိပ်ဖျားမှာလုံးလုံးလေးဖြစ်နေပုံက ကိုက်ချင်စရာအတိ။
မျက်ဝန်းအိမ်တွေက ရှည်ရှည်ကျယ်ကျယ်လေးဖြစ်ပြီး မျက်တောင်တွေက ကော့မနေဘဲ ရှည်စင်းနေတာက လူတွေပြောကြတဲ့ အငိုသန်တဲ့ကလေးတွေရဲ့သင်္ကေတပဲထင်ပါရဲ့။
အလည်မကျ၊ဘေးမကျခွဲထားတဲ့ ကော်ဖီရောင်ဆံပင်တွေက နောက်ပိုင်းမှာလည်း လည်တိုင်နားထိ ရှည်ရှည်လေးဖြစ်နေသေးတာ။
ခြုံငုံပြောရရင်တော့ ပစ်ရက်စရာမရှိတဲ့ အလှမျိုး၊လူတစ်ယောက်ကို စိတ်ရိုင်းဝင်အောင်ထိ လုပ်နိုင်မဲ့ အလှမျိုးပါပဲ။
အခုခေတ်ကောင်လေးတွေက ဒီလိုတွေပဲ လှကြသလားလို့တောင် သူအံ့အားတသင့်တွေးမိရသည်အထိ ရှိန်းဆိုတဲ့ချာတိတ်လေးက နုနုဖတ်ဖတ်လေးနဲ့ လှပါသည်။

STAI LEGGENDO
ပင်လယ်ပျော်၏ချစ်ပုံပြင်(Completed)
Storie d'amoreA love story between the Seaman and teenage boy -ministory-