မရေရာမသေချာသည့်အတွေးပေါင်းများစွာဖြင့် Haruto ဂျပန်မြေကိုခြေချခဲ့ရသည်မှာ ယခုဆို ၆လတိတိပင် ရှိခဲ့ပြီဖြစ်သည်။ ပတ်ဝန်းကျင်အသစ်သည် အစပိုင်း၌ အနည်းငယ်ခက်ခဲသော်လည်း ယခင်ထက်များစွာ အဆင်ပြေ သည်ဟု ပြောရမည်။ ဖွားဖွားသည် သူ့ကိုများစွာကြင်နာသည်။ ruto ၏ မိဘနှစ်ပါး ရုတ်တရက်ကြီးဆုံးပါးသွားသည်ကို ဖွားဖွားမှ အလုပ်များ၍ အဆက်အသွယ်မရတာဖြစ်မည်ဟုထင်ပြီး အတော်ကြာမှ စုံစမ်းကြည့်မှသိရှိခဲ့ရခြင်းဖြစ်သည်။
ဖွားဖွားသည် မိခင်ဖက်မှ ကြွယ်ဝမှုနှင့်ကျော်ကြားမှုကို သိရှိထားပုံမရပေ။ ပုံမှန်လူချမ်းသာအသိုင်းအဝိုင်းဟုသာ သိထားပုံရ၏။ထိုကြောင့် ယခုလိုအချိန်အတော်ကြာသည်အထိစုံစမ်းခဲ့ရသည်ဟုဆိုသည်။ ဖွားဖွားနှင့်သာ စောစော အဆက် အသွယ်ရခဲ့လျှင် Haruto သူအထီးကျန်ခြင်းကို အချိန်ကြာကြာခံစားခဲ့ရမည်မဟုတ်။ ပါပါး၏ဖခင် ဖိုးဖိုးရှိစဉ်က သူ့အပေါ် ကြင်နာသော်လည်း ကျန်းမာရေးမကောင်းသူမို့ များစွာအချိန်မပေးနိုင်ပေ။
ဖွားဖွားသည် သူ့ကို ဖိုးဖိုး၏အိမ်တော်ကြီးလောက်ချမ်းသာစွာမထားနိုင်သော်လည်း သူလိုချင်သည့်နွေးထွေးမှုနှင့် ကြင်နာမှုကိုပြည့်ဝစွာပေးသည်။ Royal အိမ်ကြီးအကြောင်း Haruto စဉ်းစားမိသည်နှင့် ဦးလေးဖြစ်သူ၏ ကောက်ကျစ်သည့် အပြုံးနှင့် ပြောစကားများကိုပြန်မြင်ယောင်လာမိသည်။
ထိုအကြောင်းတွေးမိသည်နှင့် သူ့နှလုံးခုန်သည်တဖြည်းဖြည်းမြန်ဆန်လာ၏။ သူ့မိဘာနှစ်ပါးကို ဦးလေးဖြစ်သူမှ တစ်ခုခုလုပ်လိုက်တာများလားဟု အတွေးဝင်လာမိသည်။ ထိုသို့တွေးမိသည်နှင့် ရင်ခုန်သံများ တဒုန်းဒုန်းမြည်ဟီး လာသကဲ့ သို့ပင်။ အံကိုတင်းတင်းကျိတ်ကာ မေးကျောများထောင်ထလာပြီး လက်သီးကိုပါကျစ်ကျစ်ဆုပ်မိလျက်သား။
"ဝုန်း...."
"မြေးလေး... စိတ်လျော့.. စိတ်ကိုလျော့လိုက်နော်.. ဘာမှမဖြစ်ဘူး..။"
Haruto ပြူးကြောင်သောမျက်လုံးဖြင့် သူ့မျက်စိရှေ့မှ အရှိန်အဟုန်ပြင်းပြင်းမီးတောက်လောင်နေသည့် ချုံပုတ်ကို တစ်လှည့်၊ သူ့ကျောပြင်ကို အသာပွတ်ကာ နှစ်သိမ့်နေသည့်ဖွားဖွားကို တစ်လှည့် နားမလည်စွာကြည်နေမိသည်။ သူထိုင်နေရာ မျက်စိရှေ့မှ ပန်းချုံလေးသည် မည်ကဲ့သို့မီးလောင်သွားသနည်း။ သူမှတ်မိသည်က ဦးလေးအကြောင်းတွေးနေရင်း ပြန်မြင် ယောင်လာကာ မျက်စိထဲဘာမှမမြင်တော့သည်အထိ ဒေါသထွက်နေခြင်းဖြစ်သည်။
YOU ARE READING
Beautiful Purple Eyes
Fanfictionလှပလွန်းသည့် ခရမ်းဖျောရောင်မျက်ဝန်းလေးက ထိုကောင်လေး၏မွေးရာပါထူးခြားချက်။ ခရမ်းဖျောရောင်မျက်ဝန်းလေးမှာ လျိုဝှက်မှုများစွာရှိနေတယ်။ ခရမ်းရောင်မျက်ဝန်းပိုင်ရှင်လေးက နှင်းပန်းလေးလို ဖြူဖွေးသန့်စင်သည့်ကောင်လေးနဲ့ဆုံတဲ့အခါ ချစ်ခြင်းတို့စတင်တယ်။