အပိုင်း (၁၆) - Zawgyi

56 5 0
                                    

Haruto စိတ်လှုပ်ရှားမှုကိုထိန်းချုပ်ရန် လက်ဖဝါးနှစ်ဖက်ကိုအချင်းချင်းပွတ်နေမိသည်။ နှစ်ပေါင်းများစွာစောင့်စား ခဲ့ရသည့်မျှော်လင့်ချက်ဖြစ်သည့်တိုင် မျှော်လင့်ချက်မဲ့သွားမှာကိုတော့ သူအမှန်တစ်ကယ်ကြောက်ရွံနေခြင်းဖြစ်၏။ သည်ခရီး ကို တစ်ယောက်တည်းလာခဲ့သည့်အတွက် အနည်းငယ်တော့ စိတ်အားငယ်မိသည်။ Akio မှ သူလိုက်ခဲ့မည်ပြောသော်လည်း အလုပ်ထဲသူမရှိလျှင် သူ့ကိုယ်စားဆုံးဖြတ်နိုင်သည့် Akio ရှိမှဖြစ်မည်။ ထို့အပြင်ကိုကိုတစ်ယောက်တည်းထားခဲ့ရသည့်အတွက် Akio ရှိမှသာသူစိတ်အေးနိုင်မည်။ Haruto သူ့ကိုယ်သူ ဖိုက်တင်းဟုအားပေးလိုက်၏။

India နိုင်ငံရှိမထင်မရှားမြို့ငယ်လေးသို့ Haruto လာခဲ့ခြင်းဖြစ်သည်။ India နိုင်ငံ International လေဆိပ်မှ တစ်ဆင့် ထိုမြို့လေးသို့ရောက်ရန် ၇နာရီခန့်ကားထပ်စီးရသည်။ လာခဲ့ရသည့်အကြောင်းမှာ အပန်းဖြေအိမ်ကြီးမှ Akio စုံစမ်း၍ ရလာသည့်အချက်အလက်များမှစတင်သည်။

ဓာတ်ပုံထဲမှစွန့်ပစ်ဆေးဝါးပစ္စည်းအခွံများကို နားလည်သည့်ဆရာဝန်များထံမေးမြန်းစုံစမ်းခဲ့ရာ လူတစ်ယောက်ကို အမြဲမိန်းမောစေနိုင်သည့်ဆေးဝါးတစ်မျိုးဟုအနီးစပ်ဆုံးသိခဲ့ရသည်။ လိုအပ်သည်ထက်ပိုသုံး၍မရသည့် တားမြစ်ဆေးတစ်မျိုး ပင်။ အကြောင်းအရာများအားလုံးကိုဆက်စပ်ကြည့်ပြီး ထိုအပန်းဖြေအိမ်ကြီးထဲတွင် ဦးလေးဖြစ်သူ Beom Seok မည်သည့် အရာကိုသိုဝှက်ထားသနည်း။ သေချာသည်က ထိုဆေးဝါးများသည် ကျန်းမာရေးအကြောင်းပြ၍ထိုအိမ်ကြီးထဲတွင်နေသည့် အိမ်တော်ထိန်းကြီးအတွက်တော့ မဖြစ်နိုင်ပေ။

ထိုကြောင့် Huruto သူကိုယ်တိုင် ထိုအပန်းဖြေအိမ်ကြီးသို့ သွားရောက်ခဲ့သည်။ သူ၏သံသယစိတ်များ ပို၍ခိုင်မာ သွားသည်မှာ အပန်းဖြေအိမ်ကြီးတွင် လုံခြုံရေးများတင်းကြပ်ထားခြင်းပင်။ထိုမျှလောက်နှင့် Harutoကို တားနိုင်လိမ့်မည် မဟုတ်။ အစောင့်များအားလုံးကို Haruto လက်ဖျောက်တစ်ချက်တီးရုံဖြင့် ခတ္တမျှအိမ်မက် မက်ခိုင်းလိုက်၏။

ထိုနောက် အိမ်ကြီးထဲသို့ အေးဆေးစွာဝင်ရောက်သွားခဲ့သည်။ အနားယူနေသည့်အိမ်တော်ထိန်းကြီးကို စိတ်ညှို့ပညာ တစ်ချက်သုံးရုံဖြင့် အခန်းထဲမှမြေအောက်ခန်းသို့ ဆက်သွယ်ထားသည့် လှိုဝှက်တံခါးကြီးပွင့်သွားခဲ့သည်။ သို့ပေမယ့် အချည်းအနှီးသာ။ မြေခွေအိုကြီးက သေချာကိုစီမံထားတာပဲ။ ကြီးမားတဲ့အစီအရင်တစ်ခုကြောင့် Haruto လျိုဝှက်တံခါးကိုသာ ဖွင့်နိုင်ခဲ့ပြီး အထဲကို ဝင်ခွင့်မရခဲ့ပေ။

Beautiful Purple EyesWhere stories live. Discover now