"တောက်....."
အခန်းထဲ တောက်ခေါက်သံကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာသည်။ ဒေါသကြီးစွာ ခေါက်တုန့်ခေါက်ပြန် လျှောက်နေသည့် ဖခင်ကို Do-Yun မသိမသာအကဲခတ်လိုက်သည်။ ဒယ်ဒီမျက်နှာကြီးသည် ပေါက်ကွဲတော့မည့်ဗုံးတစ်လုံးလို တင်းမာခက်ထန်နေ၏။ ထိုင်ခုံမှာ ထိုင်နေသည့် Ji-Eun သည်လည်း တိတ်တဆိတ် ကျိတ်ငိုနေလေသည်ကိုတွေ့ရ၏။
အကြောင်းအရင်းကတော့ Do-Yun တို့အပန်းဖြေအိမ်ယာမှပြန်လာပြီးနောက်နေ့တွင်ဖြစ်သည်။ အလုပ်ထဲမှာရှိနေ သည့် သူ့ကို ချက်ချင်းလာခဲ့ဟု ဖုန်းဆက်လာသောကြောင့် သူ Royal စံအိမ်ကိုလာခဲ့ခြင်းပင်။ အပန်းဖြေစံအိမ်မှ ကိစ္စ ဆိုသည်ကို သူသိနှင့်နေပြီးဖြစ်၏။ သို့သော် မှင်သေသေဖြင့်သာ ဝင်ထိုင်လိုက်သည်။
" Do-Yun အဲ့ကိစ္စ မင်းမသိတာသေချာလား။ ဒယ်ဒီစုံစမ်းလို့ မင်းပတ်သတ်နေတယ်ဆိုရင် ဒီအတိုင်းလွှတ်မထားဘူးနော်..။"
Beom Seok ဒေါသကြောင့် တစ်ကိုယ်လုံးတုန်ရီနေသော်လည်း ထိန်း၍ပင်မေးလိုက်သည်။ သူ အနှစ်နှစ်အလလ ကြိုးပမ်းခဲ့သည့်ကိစ္စ သဲထဲရေသွန်သကဲ့သို့ဖြစ်မည်ကိုလက်မခံနိုင်ပေ။
"ဘာတွေဖြစ်နေတယ်ဆိုတာ အရင်ပြောမှပေါ့ ဒယ်ဒီ။ ကျွန်တော်ကဘာလုပ်နေတယ်ဆိုတာ ပြောစရာမလိုအောင် ဒယ်ဒီသိပြီး သားပဲမလား။ ဒါမှမဟုတ် ကျွန်တော်မသိသေးတဲ့ကိစ္စများရှိနေသေးတာလား။ နောက်ပြီး Ji-Eun ကဘာဖြစ် နေတာလဲ။ "
Do-Yun ဘာမှသိမထားသူပုံစံမျိုးဖြင့် ပြန်ပြီးမေးခွန်းထုတ်လိုက်သည်။ သူ့ခြေလှမ်းတိုင်းကို ဒယ်ဒီစောင့်ကြည့်နေ တယ်ဆိုတာသိကြောင်း ပြောလိုက်သည်။ နောက်ဆုံး သူသုံးနေသည့်ဖုန်းပါ ဒယ်ဒီ့ထိန်းချုပ်မှုအောက်မှာပင်။ထိုကြောင့် ခပ်မာမာပင် Do-Yun ပြန်မေးနိုင်ခြင်းပင်။
"သေချာတယ်နော် Do-Yun နောက်မှ ဒယ်ဒီအဆိုးမဆိုနဲ့...မင်းမသိဘူးဆိုရင် ဒီဆီလီကွန်အရုပ်ကြီးက ဘယ်ကခြေထောက် ပေါက်ပြီးရောက်လာတာလဲ။"
Beom Seok အံတင်းတင်းကျိတ်ကာ သွားကြားထဲမှထွက်သည့်လေသံဖြင့် Do-Yun ကိုစိုက်ကြည့်ကာမေးလိုက် သည်။ ဒီကိစ္စအတွင်းလူမပါပဲဖြစ်သွားရခြင်းကို သူလုံးဝလက်မခံနိုင်ပေ။
CZYTASZ
Beautiful Purple Eyes
Fanfictionလှပလွန်းသည့် ခရမ်းဖျောရောင်မျက်ဝန်းလေးက ထိုကောင်လေး၏မွေးရာပါထူးခြားချက်။ ခရမ်းဖျောရောင်မျက်ဝန်းလေးမှာ လျိုဝှက်မှုများစွာရှိနေတယ်။ ခရမ်းရောင်မျက်ဝန်းပိုင်ရှင်လေးက နှင်းပန်းလေးလို ဖြူဖွေးသန့်စင်သည့်ကောင်လေးနဲ့ဆုံတဲ့အခါ ချစ်ခြင်းတို့စတင်တယ်။