အလုပ်မှအပြန် Shopping Mall တစ်ခုထဲတွင် Haruto စျေးဝယ်နေခြင်းဖြစ်သည်။ ပုံမှန် Haruto အခန်း၏ ရေခဲ သေတ္တာသည် ရေသန့်မှလွဲ၍ထွေထွေထူးထူးမရှိ။ သည်နေ ကိုကိုနှင့်အတူ Haruto တိုက်ခန်းမှာ ညစာအတူချက် စားမှာ ဖြစ်သည်။ Haruto အတွက်မဟာအခွင့်အရေးတစ်ခုရသကဲ့သိုပင်။
Meeting ပြီးသည့်နောက်ပိုင်း Haruto နှင့်ကိုကို မဆုံဖြစ်သည်မှာ နှစ်ပတ်ခန့်ရှိပြီဖြစ်၏။ သူသည်လည်း Site ထဲ၌ အချိန်ကုန်တာများသလို၊ ရုံးသို့သွားလည်းခနသာနေဖြစ်သည်။ အလုပ်ပြီးချိန်နောက်ပိုင်း အချိန်ပိုင်းအလုပ်ဟု ဗန်းပြထားသော ကလပ်သို့သွားရသေး၏။ အကြောင်းမှာ Akio ကို သူ့တိုက်ခန်းသို့ခနခနအဝင်အထွက်မလုပ်စေချင်၍ဖြစ်သည်။
Club လိုနေရာ၌သာ သူတို့အချင်းချင်းအချိတ်အဆက်လုပ်ရသည်မှာအဆင်ပြေ၏။ မမြင်ရတာကြာပြီဖြစ်သည့် ကိုကို့ မျက်နှာလေးကို Haruto လွမ်းလှပြီဖြစ်သည်။ ထိုကြောင့် ကိုကို့ဆီကိုဖုန်းဆက်ကာ မုန့်ကျွေးဖို့ပူဆာလိုက်သည်။ ဘာစား ချင်လဲဟု မေးလာသည့်ကိုကို့ကို Haruto အခွင့်အရေးအပြည့်ယူကာ နေမကောင်းတုန်းက ကိုကိုပြုတ်ကျွေးသည့် ခေါက်ဆွဲ ပြုတ်လေးစားရရင် ကျေနပ်ပါပြီဟု ပြောလိုက်ခြင်းဖြစ်သည်။
အလိုက်သိသည့်ကိုကိုမှ ဟာရုတိုစားချင်တာချက်ကျွေးမည်ဟုဆိုလာသည်။ ထိုကြောင့် စျေးဝယ်ပျင်းသည့် ဟာရူတို တစ်ယောက်ပျော်ပျော်ကြီး စျေးဝယ်နေသည်ဆိုလည်းမမှားပေ။
"အော်.. ဘယ်သူများလဲလို့ မင်းကိုး...."
"မင်္ဂလာပါ မမ Seo-ah .."
ပစ္စည်းတစ်ခုကိုလှမ်းယူစဉ် ဆုံသွားသည့်လက်တစ်ဖက်နှင့်အတူ ပြောလာသည့်စကားသံကြောင့် haruto ဝတ္တရား ကျေ နှုတ်ဆက်လိုက်သည်။
"မင်းနဲ့ငါ က အဲ့လိုလောကွတ်တွေနဲ့ နှုတ်ဆက်ရမယ့်သူတွေမဟုတ်ဘူးမလား..။"
Seo-ah ခနဲ့တဲ့တဲ့လေသံဖြင့်ပြောလိုက်သည်။ ထိုကောင်လေးမျက်နှာကိုမြင်သည်နှင့် တလိတ်လိတ်တတ်လာသည့် ဒေါသကို ဟန်ဆောင်၍ပင်မထိန်းနိုင်ပေ။ ထိုကောင်လေးသည် သူမနှင့်မောင့် ကြား ခလုတ်ကသင်းတစ်ခု။
VOCÊ ESTÁ LENDO
Beautiful Purple Eyes
Fanficလှပလွန်းသည့် ခရမ်းဖျောရောင်မျက်ဝန်းလေးက ထိုကောင်လေး၏မွေးရာပါထူးခြားချက်။ ခရမ်းဖျောရောင်မျက်ဝန်းလေးမှာ လျိုဝှက်မှုများစွာရှိနေတယ်။ ခရမ်းရောင်မျက်ဝန်းပိုင်ရှင်လေးက နှင်းပန်းလေးလို ဖြူဖွေးသန့်စင်သည့်ကောင်လေးနဲ့ဆုံတဲ့အခါ ချစ်ခြင်းတို့စတင်တယ်။