အပိုင်း(၁) - Unicode

943 41 3
                                    

အချိန်သည်ကား သန်းခေါင်ယံအချိန်မဟုတ်သလို မိုးသောက်ယံအချိန်လည်းမဟုတ်။ ပတ်၀န်းကျင် တစ်ခွင်လုံး ပိန်းပိတ်အောင်ကျဆင်းနေသောမြူများသည်မီးခိုးရောင်တိမ်တိုက်များ သဖွယ်လွှမ်းခြုံထား၏။ လေထုသည်အေးစက်ကာ တိတ်ဆိတ်ငြိမ်သက်နေသည်။

"ဂစ်...ဂီး....။"

ဌက်ဆိုးတစ်ကောင်ထအော်ကာပျံသန်းသွားပြီးနောက် ကျွီ ဆိုသည့်မြည်ဆွဲသံရှည်ကြီးနှင့်အတူ တံခါးတစ်ချပ်သည် ဖြေညှင်းစွာပွင့်သွားကာအမဲရောင်အရိပ်သဏ္ဌာန်တစ်ခုထွက်ပေါ်လာ၏။ထိုအရိပ်သည် အိတ်တစ်လုံးကိုဆွဲလျှက် ခြံနောက် ဖက်ဆီသို့ ဦးတည်နေသည်။ ထိုနောက်ကြီးမားသည့်သစ်ပင်ကြီးအောက်ရောက်သည့်အခါ ရပ်တန့် သွား၏။

"ဘုတ်..."

မြေပြင်ပေါ်သို့လေးလံသည့်အရာတစ်ခုပြုတ်ကျသွားသည့်အသံဖြစ်သည်။ပြစ်ချလိုက်ခြင်းဟုဆိုလျှင်ပိုမှန်မည်။ နက်ဆွေးနေသောအိတ်တစ်လုံးပင်ဖြစ်သည်။

"ဒုတ်...ဒုတ်..ဒုတ် .."

ခပ်မာမာမြေကြီးနှင့်ချွန်ထက်သည့်အရာထိတွေ့ခြင်းမှထွက်ပေါ်လာသည့်အသံဖြစ်သည်။အမဲရောင်သဏ္ဌာန်သည်မြေကြီးကိုအားကုန်သုံး၍တူးဆွနေခြင်းပင်။ နာရီအနည်းငယ်အကြာတူးထုတ်ထားသည့်မြေကြီးတစ်ပုံနှင့်အတူ လူတစ်ရပ် စာခန့် ကျင်းနက်တစ်ခု။

အမဲရောင်သဏ္ဍာန်သည်မောဟိုက်နေသောကြောင့် သူ၏ရင်အစုံသည် နိမ့်ချည်မြင့်ချည်ဖြစ်၍နေ၏။ မြေကြီးပေါ် ထိုင်ချကာ ပစ်ချထားသည့်နက်ဆွေးနေသည့်အိတ်သို့ စူးစိုက်ကြည့်ရင်းအမောဖြေနေဟန်။ သူ၏မျက်လုံးများ ပတ်ဝန်းကျင် လေထုထက်ပင်အေးစက်နိုင်လှ၏။ ထိုစဉ်ရုတ်ချည်းထရပ်ကာ ကြည့်နေသည့်အိတ်ဆီ လျှောက်သွားသည်။

"ဂျ..ဂျစ်.....။"


" အူ...ဝူးး..အူ.."

တိုက်ဆိုင်စွာဆွဲဆွဲငင်ငင်အူလိုက်သည့်ခွေးအူသံသည် တစ်စုံတရာကိုပြောချင်နေသည့်အလား။ ဇစ်ကို ၀ှစ်ကနဲ မြည်အောင်အမြန် ဆွဲပိတ်လိုက်ကာ အိတ်ကိုတူးထားသည့် ကျင်းနက်ထဲသို့ပစ်ချလိုက်၏။ခဏမျှအကြာ တူးထုတ် ထားသည့် မြေသားများသည် သူ့နေရာနှင့်သူနေသားတကျ ဖြစ်လို့သွားသည်။

Beautiful Purple EyesDonde viven las historias. Descúbrelo ahora