အပိုင်း ( ၂၂ ) - Unicode

141 24 0
                                    

Haruto မျက်လုံးဖြတ်ကနဲပွင့်သွားပြီး ရင်းနှီးနေသည့် မျက်နှာကြက် မြင်လိုက်ရသည်။ သူ့အိပ်ခန်းထဲသို့ ပြန်လည် ရောက်ရှိနေပြီဖြစ်ကြောင်းသိလိုက်၏။ နံဘေးမှာ သူ့လက်တစ်ဖက်ကိုဆုပ်ကိုင်ထားရင်း ထိုင်လျှက်သား အိပ်ပျော်နေသည့် ကိုကို့ကို တွေ့လိုက်ရသည်။ သူခံစားလိုက်ရသည့်နွေးထွေးမှုသည့် အမှန်ပင်ကိုကိုဖြစ်နေခြင်းပင်။

ပင်ပမ်းပြီးအိပ်ပျော်နေသည့်ကိုကိုနိုးသွားမှာစိုး၍ ကိုင်ထားသည့်လက်ကိုအသာဖယ်လိုက်ပြီး အိပ်ယာပေါ်မှာ Haruto ဖြေးညှင်းစွာဆင်းလိုက်သည်။ ထိုင်လျှက်သား လက်တဖက်ကိုခေါင်းခုကာ အိပ်ပျော်နေသည့်ကိုကို့ ကို အိပ်ယာပေါ်သို့ သက်တောင့်သက်သာ အိပ်စေရန် အသာပွေ့ချီလိုက်သည်။

"ruto..."

ငြိမ့်ကနဲဖြစ်သွားသည့်ခံစားချက်ကြောင့် Junkyu နိုးသွားခြင်းဖြစ်သည်။ မြင်လိုက်ရသည်က Haruto မျက်နှာဖြစ်ပြီး အိမ်ချင်မူးတူးဖြစ်နေသည့်အထင်ဖြင့် မျက်တောင်များကိုပုတ်ခတ်ပုတ်ခက်လုပ်ကာ အမြင်ရှင်းလိုက်ရသေးသည်။ ထို့အပြင် သူ့ကို Haruto က ပွေ့ချီထားသေး၏။

"ကိုကို နိုးသွားတာလား။ ဒါဆိုလည်း သက်တောင့်သက်သာပြန်အိပ်လိုက်ဦး ဒီရက်ပိုင်း ကျွန်တော့်ကြောင့်အများကြီး ပင်ပမ်းခဲ့တယ်မလား။"

Haruto ပြူးကြောင်ကြောင်ဖြင့် သူ့ကိုကြည့်နေသည့် ကိုကို့ ကို အိပ်ယာပေါ် အသာချပေးရန်လုပ်လိုက်သည်။ သို့ပေမယ့် မဆင်းပဲ လည်ပင်းကိုတွယ်ဖက်ထားသည့်ကိုကို့ကြောင့် ပြုံးလိုက်မိ၏။ အချိန်အနည်းငယ်ကြာသည်အထိ ဘာစကားမှမဆိုပဲငြိမ်သက်နေသောကြောင့် Haruto စိတ်မကောင်းဖြစ်သွားကာ ရင်ခွင်ထဲမြုပ်နေအောင်ဖက်တွယ်ထားသည့် ကိုကို့နားထင်စပ်လေးကို ငုံ့မွှေးလိုက်၏။ ကိုကိုအများကြီး စိတ်ပူသွားခဲ့ပုံပင်။

"ကျွန်တော် ဖေဖေနဲ့တွေ့ခဲ့တာ ကိုကို..။"

အချိန်အတော်ကြာကြာ ကိုကို့ကို ပွေ့ဖက်ထားပြီးမှ Haruto ပြောလိုက်ခြင်းဖြစ်သည်။ ထိုသို့ပြောလိုက်သည်နှင့် ကိုကို ကိုယ်လေးဆက်ကနဲမတ်သွားကာ သူ့ကိုကြည်လာ၏။ ရုတ်တရက်ကြီးသူ ဒီလိုဖြစ် သွားရသည့်အကြောင်းအရင်းကို ကိုကိုမမေးသော်လည်းသိချင်နေမည်မှာအမှန်ပင်။ သူလည်းပဲ ပြောပြသင့်သည်ဟု ထင်သည်။

Beautiful Purple EyesDonde viven las historias. Descúbrelo ahora