အပိုင်း (၅) - Zawgyi

24 3 0
                                    

"ဒုန်း.."

စားပွဲပေါ်သို့အားပါပါနှင့်ထုချလိုက်သည့်အသံကြောင့် တစ်ယောက်တစ်‌ပေါက်ဆူညံသံများ မီးကိုရေဖြင့်ညှိမ်းလိုက် သကဲ့သို့ တိတ်ဆိတ်သွား၏။

"ခင်ဗျားတို့ လက်ရှိရာထူးတွေလစာတွေမြဲချင်ရင် ယူထားတဲ့တာဝန်ကိုကျေအောင်လုပ်..။ ကျုပ်နဲ့ မပူးပေါင်းချင်တဲ့လူ ကျုပ်ခေါင်းဆောင်မှုအောက်မှာ မလုပ်နိုင်ဘူးဆိုတဲ့သူ ဟိုမှာတံခါးဖွင့်ထားတယ် ခုချက်ချင်းထွက်သွားနိုင်တယ်။ "

အေးစက်စက်စကားအဆုံးမှာ Haruto ဆုံလည်ကုလားထိုင်ပေါ် ခြေချိတ်ထိုင်ရင်း ကြည့်နေလိုက်သည်။ သွားချင်တဲ့ သူတွေထွက်သွားစမ်းပါစေ သောက်ဂရုမစိုက်ဘူးဆိုသည့် သဘောပင်ဖြစ်သည်။ လူတွေက တစ်ခါတစ်လေ စိတ်ပျက်ဖို့ ကောင်းသည်။ ရာထူးတွေ ဘေးချိတ်ပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံနေခြင်းအပေါ် သူ့ကိုအများကြီးလျော့တွက်ထား သည့်ပုံပင်။ အစည်းအဝေးခန်းထဲမှ လူအားလုံး တိတ်ဆိတ်နေခြင်းကြောင့် သူ၏ခပ်ကြမ်းကြမ်းတုံ့ပြန်ချက် အသုံးတည့် သွားပုံပင်။

Haruto သူ Project Director ဆိုသည့်ရာထူးကိုခေါင်းထဲမထည့်ပဲ အောက်ခြေသိမ်းကအစ ဒီလုပ်ငန်းကြီး အထမြောက်အောင် ကိုယ်တိုင်လိုက်လုပ်နေခြင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဒီကုမ္ပဏီသည် သူ့အမေ၏ချွေးစက်ပေါင်းများစွာ ပါဝင်သည်။ ထို့အပြင် Royal အတွက်ပထမဆုံးသူ့အစွမ်းအစကိုထုတ်ပြရန်ဖြစ်သည်။

မထုတ်ပြလို့လည်းမဖြစ်တော့ပေ။ ဒီ Project ကိုစပြီဆိုသည်နှင့် အနှောက်အယှက်ပေါင်းများစွာဝင်လာနိုင်သည်ကို Haruto သိနေသည်။ ဦးလေးဖြစ်သူသည် နောက်ကွယ်မှသူ့ကို အဆင်မပြေအောင်ဖန်တီးနေခြင်းဖြစ်၏။ ယခုလည်း သူ့လက်အောက်မှ ဝန်ထမ်းများကို တစ်စုံတစ်ယောက်သွေးထိုးသွားသည့်ပုံပင်။ ဒီကိစ္စမှာ ဦးလေးပယောဂမကင်းဘူးဆိုတာ Haruto သေချာသိသည်။

"တောင်းပန်ပါတယ် ဒါရိုက်တာ ပုံကြမ်းကိစ္စကျွန်တော် သေချာပြန်စစ်ပြီး ပြင်လိုက်ပါ့မယ်။ "

"ကျွန်တော်တို့လည်း တောင်းပန်ပါတယ် ဒါရိုက်တာ လုပ်ငန်းခွင်ကိစ္စ ကြန့်ကြာမှုမရှိရအောင် အကောင်းဆုံးကြိုးစားပါ့မယ်။"

Beautiful Purple EyesWaar verhalen tot leven komen. Ontdek het nu