" Haruto ရပ်စမ်း.. မင်းထိုးချင်၊သတ်ချင်နေရင် ငါ့ကိုအရင်ထိုးပြီးသတ်ပလိုက်.. ဒီကိစ္စကို ငါဦးဆောင်ခဲ့တာ...မင်းအတွက် အားလုံးကိုစဉ်းစားပြီးလုပ်ခဲ့တာမို့ မင်းမယုံလို့ မကျေနပ်ဘူးဆိုလဲ ကြိုက်တာလုပ်လိုက်..။"
သူဘယ်လောက်တားတား အားသန်ကာဒေါသကြီးသည့် Haruto ကို Junkyu မနိုင်ပေ။ Akio ကတော့ အမိန့်ကိုနာခံ သည့်သူတစ်ယောက်မို့ နေရာမှာသာ မလှုပ်မယှက် အပြစ်ကိုခံယူဖို့စောင့်နေသည်။ ထိုကြောင့် ရှိသမျှအားအကုန်သုံးပြီး လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ အော်ပြောပစ်လိုက်သည်။
"ကိုကို.....မငိုပါနဲ့.. ။"
မျက်နှာတစ်ခုလုံးသွေးရောင်လွှမ်းကာ မျက်ရည်များကျနေသည့်ကိုကိုပုံစံကြောင့် Haruto ဒေါသများကို ချွန်းဖြင့်အုပ် လိုက်သကဲ့သို့ပင်။ နေရာမှာပင် အရုပ်ကြိုးပျက်ထိုင်ချလိုက်မိသည်။
အမှန်တော့ အကြောင်းအရင်းမှန်ကိုသေချာမသိပဲ ဖြေရှင်းခွင့်ပင်မပေးပဲစိတ်ကြီးနေသည့် Haruto ကို Junkyu ဒေါသ ထွက်မိသည်။ ဒေါသနှင့် စိတ်လှုပ်ရှားမှုပေါင်းကာ မျက်ရည်ကျသည်ကိုပင်သတိမထားမိပေ။ သို့ပေမယ့် ငြိမ်သက်သွားသည့် Haruto ကြောင့် အနည်းငယ်စိတ်အေးသွားရသည်။
"ဟုတ်တယ်.. ruto မင်းအပြစ်တင်ချင်လည်း ငါ့ကိုသာတင်... ဒီကိစ္စ Akio နဲ့မဆိုင်ဘူး။ ဒါပေမယ့် မင်းတစ်ခုတော့သိထားပေး... မင်းအတွက်ပဲလုပ်ခဲ့တာမို့ ငါ့ဦးနှောက်သေးသေးလေးက မင်းလို့အများကြီးတော့မစဉ်းစားနိုင်တာအမှန်ပဲ။ ကဲပါ... ထားတော့ အဲ့ဒါတွေပြောမနေတော့ဘူး... သုံးယောက်ဆုံတုန်း တလက်စတည်း ပြောစရာရှိတယ်...။"
ငြိမ်သက်သွားသည့် Haruto ကိုကြည့်ကာ Junkyu စကားဆက်ပြောလိုက်သည်။ ထိုနောက် ဆိုဖာမှာဝင်ထိုင်လိုက် ရင်းပြောလိုက်၏။ ဆေးရုံမှာမေ့မြောနေစဉ် ruto အဖေနှင့်တွေ့ခဲ့သည့်အကြောင်းကို သူမပြောဖြစ်သေးပေ။ ဘယ်လို စပြောရမှန်း မသိ၍ဖြစ်သည်။ ယခုတော့ တစ်ခါတည်းပြောလိုက်ဖို့ Junkyu စိတ်ကူးလိုက်သည်။ ယုံသော်ရှိ၊ မယုံသော်ရှိ။
" Haruto မင်းကို ဒီမှာထိုင်ခိုင်းတာမဟုတ်ဘူး။ သွား ဟိုမှာသွားထိုင်.. Akio အဲ့မှာဘာလုပ်နေတာလဲ ပြောတာမကြားဘူးလား။"
YOU ARE READING
Beautiful Purple Eyes
Fanfictionလှပလွန်းသည့် ခရမ်းဖျောရောင်မျက်ဝန်းလေးက ထိုကောင်လေး၏မွေးရာပါထူးခြားချက်။ ခရမ်းဖျောရောင်မျက်ဝန်းလေးမှာ လျိုဝှက်မှုများစွာရှိနေတယ်။ ခရမ်းရောင်မျက်ဝန်းပိုင်ရှင်လေးက နှင်းပန်းလေးလို ဖြူဖွေးသန့်စင်သည့်ကောင်လေးနဲ့ဆုံတဲ့အခါ ချစ်ခြင်းတို့စတင်တယ်။