အပိုင်း ( ရ ) - Unicode

134 29 2
                                    

"ဟေး ဂျွန် ကိုယ်ပြောတာ ဘယ်လိုသဘောရလဲ..။"

"အာ ဆောရီး James ကျွန်တော်အတွေးများသွားလို့.. မကြားလိုက်ဘူး ..။"

Junkyu ၏ အထက်အရာရှိလည်းဖြစ် ဆရာလည်းဖြစ်သည့် Mr.James မှ မျက်နှာရှေ့လက်ကာပြကာပြောလာခြင်း ကြောင့် အားနာစွာပြန်ပြောလိုက်သည်။

"ဒီရက်ပိုင်း ဂျွန်တော်တော်ပင်ပမ်းသွားပြီထင်တယ်.. ဒီနေ့တော့ relax ဖြစ်အောင် အိမ် စောစောပြန်နားလိုက်ပါလား။"

"ဟုတ်တယ် အစ်ကိုဂျွန် နားသင့်တယ်နော်.. ခုတလော အရမ်းပင်ပမ်းထားတယ်လေ။ ခုလည်းတော်တော်ပြီးနေပြီပဲ ကျန်တာကို ကျွန်တော်တို့နဲ့စိတ်ချထားခဲ့လိုက်ပါ။"

"အာ.. ဒါဆို အဲ့လိုလုပ်လို့ရမလား။ ကျွန်တော်အားမနာတော့ဘူးနော်..။"

Junkyu ငြင်းဆန်မည်ပြုပြီးမှ အိမ်ဆိုသည့်စကားကြောင့် ရုတ်တရက်ခေါင်းထဲအတွေးဝင်လာမိသည်။ ဆရာဖြစ်သူ နှင့် လုပ်ဖော်ကိုင်ဖက် အငယ်တွေကပါ ပြောလာသည်မို့ အိတ်ကိုဆွဲကာ ထရပ်လိုက်သည်။ သူဘာလို့မတွေးမိပါလိမ့်..။ ruto ၏အိမ်ကို သူလိုက်ပို့ဖူးသလို တစ်ညတောင်အိပ်ခဲ့သေးတယ်လေ...။

မျှော်လင့်ချက်အပြည့်နှင့်ကားကို ခပ်မြန်မြန်မောင်းလာလိုက်ပြီး ၅လွှာမှာရှိသည့် ruto ၏အခန်းဆီပြေးတတ်ခဲ့လိုက် သည်။ အခန်းတံခါးကို တစ်ဒေါက်ဒေါက် ခေါက်ရုံမက တစ်ဒုန်းဒုန်းထုကာ ruto၏ နာမည်ကိုအော်ခေါ်သည့်တိုင် တုန့်ပြန်သံ မကြားရသောကြောင့် Junkyu စိတ်ဓာတ်ကျသွားမိသည်။

" ဒီမှာခင်ဗျ .. ဒီအခန်းကလူမရှိဘူးဗျ ခရီးသွားတာဖြစ်မယ်.. ပြီးခဲ့တဲ့ ၄-၅ရက်လောက်က အထုတ်အပိုးနဲ့တွေ့လိုက်လို့။"

Akio နောက် ၁-၂ရက်ဆိုလျှင် haruto ပြန်လာမည်ဖြစ်သဖြင့် အခန်းသန့်ရှင်းရေး လုပ်ပေးနေခြင်းဖြစ်သည်။ Demon Eyes မှာ အရေးကြီးကိစ္စရှိသဖြင့် Haruto ဂျပန်ခဏ ပြန်သွားခြင်းဖြစ်သည်။ Akio ယခုကိစ္စသည် Demon ကိုယ်တိုင် ဝင်ပါစရာ မလိုလောက်ဘူးပြောသည့်တိုင် သွားမှဖြစ်မည်ဟုဆို၏။

"အာ ကျွန်တော့်အသံကြောင့် အနှောက်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်။ အလုပ်ကိစ္စအရေးကြီးလို့ လာရှာတာပါ။ အကယ်၍ ဒီည သူပြန်လာတာတွေ့ရင် ကျွန်တော့်ဆီဆက်သွယ်ပေးလို့ရမလား အကူအညီတောင်းပါတယ်..။"

Beautiful Purple EyesHikayelerin yaşadığı yer. Şimdi keşfedin