နှာခေါင်းထဲတိုးဝင်လာသည့်ရနံ့တစ်ခုကြောင့် အာရုံများနိုးကြားသွားကာ Haruto မျက်လုံးများကို ဆက်ကနဲ ဖွင့်လိုက်မိသည်။ အရင်ဆုံးကြည့်မိသည်က သူ့နံဘေးမှအိပ်ယာလေးဆီသို့ပင်။ ညက သူ့နံဘေး နဖူးပေါ်လက်တင်ကာ စကားတွေပြောနေသည့် ကိုကို့ကို ငေးကြည့်ရင်း အိပ်ပျော်သွားခြင်းဖြစ်သည်။ ယခုတော့ ထိုအစား ခေါင်းအုံးပေါ်မှ Notepad လေးတစ်ခုသာဖြစ်သည်။
မနက် ၁၁ နာရီပင်ထိုးလုနီးနီးဖြစ်နေပေပြီ။ သူအကြာကြီး အိပ်ပျော်သွားခြင်းဖြစ်သည်။ Haruto ထထိုင်လိုက်ပြီး စာတိုလေးကိုယူကာဖတ်လိုက်သည်။
"ruto ကိုယ်ရုံးသွားရမှာမို့ ပြန်နှင့်ပြီနော်. ဒီနေ့အလုပ်မသွားပဲနားလိုက်နော်။ မသက်သာရင် ကိုယ့်ဆီ ဆက်သွယ်.. တစ်ခုခု မှာစားပြီး ဆေးသောက်ဖို့လည်း မမေ့နဲ့ဦး.."
ခပ်သောသောရေးထားသည့်လက်ရေးလေးကိုဖတ်ပြီး Haruto ပြုံးလိုက်သည်။ သူအတော်ပင် ပေါ့ပါးလန်းဆန်း နေပြီဖြစ်သည်။ နှာခေါင်းထဲ ထပ်မံတိုးဝင်လာသည့်ရနံ့ကြောင့် အိပ်ယာပေါ်မှဆင်းကာ အခန်းပြင်ထွက်ခဲ့လိုက်သည်။
" Akio ဘာတွေလုပ်နေတာလဲ..။"
ထင်သည့်အတိုင်း မီးဖိုချောင်မှာ တကုပ်ကုပ်လုပ်နေသည့် Akio ကိုတွေ့လိုက်ရသည်။
"အာ့ နိုးလာပြီလား ဒီမှာ အားရှိသွားအောင် စွပ်ပြုတ်လေး လုပ်ထားပေးတယ်။"
မနေ့ညနေလောက်ကတည်းမှ အချိန်တော်တော်ကြာသည်အထိ Haruto ဆီမှအဆက်သွယ်မရသောကြောင့် Akio စိတ်ပူကာ သူ့လူများကိုပင်ဖြန့်ကျက်ကာရှာစေခဲ့သည်။ ruto ၏ဦးလေးဖြစ်သူသည် လုံးဝလျော့တွက်လို့မရသည့်အမျိုးပင်။ အလုပ်ထဲလည်းမရှိ သူရှိရာ ဘားသို့လည်း ရောက်မလာသောကြောင့် နေထိုင်ရာတိုက်ခန်းလေးသို့ လိုက်လာခဲ့ခြင်းဖြစ်သည်။
မည်သူမှမသိသည်က Haruto အခန်းကို မျက်နှာချင်းဆိုင်တိုက်ခန်းမှ အတွင်းဖက်တွင်ဝင်ထွက်လို့ရသည့် လျိုဝှက် တံခါး တစ်ခုရှိနေခြင်းပင်။ ထိုကြောင့် Akio အကြောင်းစုံကိုနားလည်သဘောပေါက်သွားခြင်းဖြစ်သည်။
ESTÁS LEYENDO
Beautiful Purple Eyes
Fanficလှပလွန်းသည့် ခရမ်းဖျောရောင်မျက်ဝန်းလေးက ထိုကောင်လေး၏မွေးရာပါထူးခြားချက်။ ခရမ်းဖျောရောင်မျက်ဝန်းလေးမှာ လျိုဝှက်မှုများစွာရှိနေတယ်။ ခရမ်းရောင်မျက်ဝန်းပိုင်ရှင်လေးက နှင်းပန်းလေးလို ဖြူဖွေးသန့်စင်သည့်ကောင်လေးနဲ့ဆုံတဲ့အခါ ချစ်ခြင်းတို့စတင်တယ်။