"Ruto တစ်ရက်တလေလောက် နားပါဦးကွာ... ကိုကို ပင်ပမ်းနေပြီ...။"
သည်နေ့ရိုက်ကူးဖြစ်ခဲ့သမျှ ဓာတ်ပုံလေးတွေကိုကြည့်ရင်းနှင့် Junkyu ငြီးငြီးငြူငြူလေးပြောလိုက်၏။ သူတို့ ဟန်းနီးမွန်းထွက်လာကျခြင်းပင်။ သူတို့နှစ်ယောက်၏ မင်္ဂလာပွဲကို နှစ်ဖက်မိဘသဘောတူညီချက်ဖြင့် ကိုရီးယားမှာပင် ပြုလုပ်ဖြစ်ခဲ့သည်။ Haruto ၏ မိခင်နှင့် ဦးလေးဖြစ်သူ၏ အပြောအဆိုကောင်းမှုကြောင့် Junkyu မိဘများ နောက်ဆုံး သဘောတူလက်ခံခဲ့ခြင်းပင်။
ကိုရီးယားနိုင်ငံ၏ Top 10 စာရင်းဝင် Royal ၏အင်အားနှင့် Japan နိုင်ငံမှာ အချိန်တိုအတွင်း အောင်မြင်လာသည့် Sky Bistro Hotel ၏ ဂုဏ်သတင်းကြောင့် ဆိုလည်းမမှားပေ။ သူများလက်ညိုးထိုးခံရမည်ကိုကြောက်သော Junkyu ၏မိဘများသည် ယခုသားဖြစ်သူ၏လက်တွဲဖော်မှာ အရှိန်အဝါကြီးသူဖြစ်သည့်အတွက် စိုးရိမ်စရာများလိုတော့မည်မထင်။
မင်္ဂလာပွဲပြီးသည်နှင့် သူတို့ခရီးထွက်လာခဲ့ခြင်းပင်။ သွားချင်သည့်နေရာတွေတန်းစီထားသည့် Junkyu အတွက် မည်သည့်နေရာသွားရင်ကောင်းမလဲဆိုတာတွေးစရာပင်မလိုတော့ပေ။ ကျောင်းပြီးကတည်းက လုပ်ငန်းခွင်ဆက်တိုက်ဝင်ခဲ့ ရသည့် Junkyu ယခုလိုအပျော်ခရီးမသွားဖြစ်တာကြာပြီဟုပင်ပြောရမည်။ သွားချင်သည့်နေရာကိုသွားပြီး စိတ်တိုင်းကျ ပျော်သလောက်နေဆိုသည့် Haruto ၏စကားကြောင့် ဘောစိလေးကိုရထားတာ ဒီလိုနေရာတော့ကောင်းသားဟု Junkyu တွေးမိသည်။
သို့ပေမယ့် စိတ်အေးလက်အေးနဲပျော်သလောက်နေပြီးမှပြန်လာခဲ့ဆိုသည့် Akio ကိုအားနာမိသောကြောင့် တစ်နေ ရာမှာ ၂-၃ရက်ထက်ပိုမနေဖို့ Junkyu တွေးထားပြီးဖြစ်၏။ Akio ဘာပြောထားသည်မသိ Do-Yun လည်းနောက်ပိုင်း သူတို့နှင့်တစ်ခါတည်းလက်ထပ်ချင်သည့်ဆိုသည့်စကားမပြောတော့ပေ။ ထိုအစား အစ်ကိုနှစ်ယောက်ပေါင်းပြီး ဂျစ်ကန်ကန် ဖြင့် တမင်ဆိုးပြနေသည့် Haruto ကို အလိုလိုက်အကြိုက်ဆောင်ပေးလာသည်။
Haruto တစ်ကယ်ဆိုးနေတာမဟုတ်မှန်း Junkyu သိသည်။ သူ့အစ်ကိုနှစ်ယောက်ကို အနိုင်ကျင့်ချင် သည့်သဘော ဖြင့် ဂျစ်တွန်းနေပုံပင်။ ငယ်စဉ်ကတည်းက Haruto ၏စိတ်ကိုသိထားသည့် Akio နှင့် တော်စပ်သော်လည်း အစ်ကို တစ်ယောက်၏တာဝန်မကျေဖူးသည့် Do-Yun တစ်ယောက်အစ်ကိုပီသဖို့ ကြိုးစားနေခြင်းဟု Junkyu နားလည်မိ၏။
JE LEEST
Beautiful Purple Eyes
Fanfictieလှပလွန်းသည့် ခရမ်းဖျောရောင်မျက်ဝန်းလေးက ထိုကောင်လေး၏မွေးရာပါထူးခြားချက်။ ခရမ်းဖျောရောင်မျက်ဝန်းလေးမှာ လျိုဝှက်မှုများစွာရှိနေတယ်။ ခရမ်းရောင်မျက်ဝန်းပိုင်ရှင်လေးက နှင်းပန်းလေးလို ဖြူဖွေးသန့်စင်သည့်ကောင်လေးနဲ့ဆုံတဲ့အခါ ချစ်ခြင်းတို့စတင်တယ်။