အပိုင်း ( ၂၃) - Unicode

128 22 2
                                    

Do-Yun အခန်းထဲခေါက်တုန့်ခေါက်ပြန်လျှောက်နေမိသည်။ တစ်ကယ်တမ်းလက်တွေ့ရင်ဆိုင်ရတော့မည်ဆိုတော့ စိတ်အေးအေးထားလို့မရသည်မှာအမှန်ပင်။ Do-Yun တပ်ထားသည့် ဒယ်ဒီ့အခန်းထဲမှ အသံဖမ်းစက်အရ အပန်းဖြေ စံအိမ်၏ မြေအောက်ခန်းထဲမှလူနာသည် Haruto ၏မိခင် သူ၏အဒေါ်ဖြစ်ပြီး ကိုမာဝင်ကာမေ့မြောနေခြင်းဖြစ်သည်။

Haruto ၏ အားနည်းချက်ကိုဆုပ်ကိုင်ထားချင်သောကြောင့် Royal ၏ပိုင်ဆိုင်မှုများ သူ့လက်ထဲရောက်သည်အထိ ဆေးပညာဖြင့်ထိန်းထားခြင်းဖြစ်သည်။ မကြာခင်မှာပင် Royal ကို ထိန်းသိမ်းစောင့်ရှောက်ခွင့်ကိုယ်စားရထားသည့်အချိန် ကုန်ဆုံးတော့မှာဖြစ်သည်။ ထိုကြောင့် Haruto ကိုအကြပ်ကိုင်ကာ လွှဲပြောင်းစာရယူမှာဖြစ်သည်။

Royal ၏ပိုင်ဆိုင်မှုအား ရယူပြီးသည်နှင့် လူနာကိုထိန်းထားသည့်ဆေးဝါးများကိုရပ်တန့်လိုက်မှာဖြစ်သည်။ ဒယ်ဒီ သူ့ကိုအမှုပတ်လာနိုင်သည်ကိုသိ၍ ထိုသို့စီမံထားခြင်းပင်။ ဒယ်ဒီ၏လောဘစိတ်သည် ကြောက်စရာပင်ကောင်းလှသည်။ Do-Yun ထိုသတင်းအချက်အလက်များကိုသိသလို Haruto တို့ဖက်မှလည်း သိပြီးဖြစ်သည်။ တိုက်ဆိုင်စွာပင် Haruto တို့ဖက်မှာ အစီအစဉ်ရှိပြီးသားဖြစ်သောကြောင့် Do-Yun အားဖြည့်ကူညီရန်သာလိုသည်။

သည်ကြားထဲ အပန်းဖြေစံအိမ်မှလုံခြုံရေး မှတ်တမ်းများကို Akio တို့ဖက်ကို Do-Yun ပို့ထားပြီးဖြစ်သည်။ Akio ဦးဆောင်ပြီးထိုအစီအစဉ်ကိုလှုပ်ရှားမှာဖြစ်၍ စိတ်မပူဖို့ပြောသော်လည်း Do-Yun စိတ်ပူမိသည်။ ယခု Akio သူ့ဆီလာနေပြီဟု အကြောင်းကြားလာ၍ သူစောင့်နေခြင်းပင်။ လမ်းမှာ Akio ကို ဒယ်ဒီတို့ဖက်မှလူများ မတွေ့စေရန်သာ ဆုတောင်းနေရ၏။

"ဒေါက် ဒေါက်.."

တံခါးခေါက်သံနှစ်ချက်မြောက်မှာ Do-Yun အခန်းတံခါးကိုဆွဲဖွင့်လိုက်သည်နှင့်တပြိုင်နက် Akioမှ အခန်းထဲသို့ လျင်မြန်စွာဝင်ရောက်လာသည်။ Do-Yun အခန်းဝမှ ပတ်ဝန်းကျင်ကို မသိမသာအကဲခတ်လိုက်သည်။

"စိတ်မပူပါနဲ့ ဘဲကြီးရ..ကျွန်တော့်အတွက် ဒီလောက်ကအေးဆေးပါ။"

"မသိဘူးကွာ.. ကိုယ်ကတော့စိတ်ပူတာပဲသိတယ်...။ အဲ့ဒါကြောင့် မင်းကိုဖက်ထားမှအဆင်ပြေတော့မယ်..။"

Beautiful Purple EyesWhere stories live. Discover now