"ဘဲကြီး....။"
"အစိုးလေး.. တစ်ကယ်မင်းပဲ...ကိုယ်မင်းကို ရှာတွေ့ပြီ..။"
မထင်မှတ်ပဲတွေ့လိုက်ရသည့်လူကြောင့် Akio ရုတ်တရက် ကြောင်အနေစဉ်တင်းကျပ်စွာဖက်ထားခြင်း ခံလိုက် ရသည်။ တစ်ကယ်ကို Akio ရှော့အကြီးကြီးရသွားခြင်းပင်။ ခပ်တင်းတင်းပွေ့ဖက်ခံထားရပြီး တတွတ်တွတ်ရွတ်နေသည့် ဘဲကြီး၏လေသံတိုးတိုးသည် Akio လည်ပင်းသားကို မထိတထိလေဖြင့်မှုတ်နေသကဲ့သို့ပင်။ Akio တစ်ကိုယ်လုံးပူလာကာ ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းလာ၏။ ရုန်းလည်းမရုန်းမိသလို၊ လှုပ်ရှားဖို့ပင်မေ့ကာသတိလွတ်သူကဲ့သို့ ရပ်နေခြင်းပင်။
DJ ဝိုင်း၏သံစဉ်တစ်ခုအပြောင်းမှာ ထအော်ကြသည့်အသံများကြောင့် Akio သတိဝင်သွားသည်နှင့်တပြိုင်နက် ဘဲကြီးကိုစောင့်တွန်းကာ နေရာမှလှည့်ထွက်လိုက်သည်။
"အစိုးလေး.... အာ့...။"
"ခင်ဗျား သေချင်နေတာလား..လက်ထဲမှာကိုင်ထားတာ ပန်းမဟုတ်ဘူး..။"
Akio လှည့်အထွက်မှာ နောက်မှလှမ်းဆွဲသည့်ဘဲကြီးကြောင့် အကျင့်ပါနေသည့်လက်တစ်ဖက် ပုတ်ထုတ်လိုက် မိသည်။ ထိုလက်မှာဓားကိုင်ထားသည့်လက်ဖြစ်သောကြောင့် ဘဲကြီးလက်ဖျံမှ ချက်ချင်းပင်သွေးများစိမ့်ထွက်လာ၏။ ထိုအရာ ကိုမြင်လိုက်ရသည့် Akio စိတ်ထဲပူကနဲဖြစ်သွားကာ ဒေါသကြီးစွာအော်ပစ်လိုက်မိသည်။
"တောင်းပန်ပါတယ်.. ကိုယ် အစိုးလေးကို ဒီတိုင်းထွက်သွားခွင့်မပေးနိုင်ဘူး။"
သည်အချိန်မှာ သူ့လည်ပင်းကိုဓားနှင့်ထောက်ထားလျှင်တောင် Do-Yun အစိုးလေးကိုထပ်မံပျောက်သွားခွင့် မပေး နိုင်ပေ။
"ကျွတ်..."
Akio စုတ်တချက်သတ်လိုက်သည်။ ဘဲကြီး၏လက်ဖျံမှစီးကျနေသည့်သွေးများကြောင့် သူမျက်ကွယ်မပြုနိုင်ပေ။ ထိုကြောင့်ဘဲကြီး၏လက်ကိုဆွဲကာ ကလပ်ထဲမှထွက်ခဲ့လိုက်သည်။
"အာ့..အစိုးလေး..ဖြေးဖြေး.. နာတယ်.. အာ့..ရူး..."
"ဘဲကြီး ခင်ဗျားပါးစပ်ကိုပိတ်ထားမလား.. ဒါမှမဟုတ် ဒီအခန်းထဲကထွက်သွားမလား...ကြိုက်တာရွေး..။"
ŞİMDİ OKUDUĞUN
Beautiful Purple Eyes
Hayran Kurguလှပလွန်းသည့် ခရမ်းဖျောရောင်မျက်ဝန်းလေးက ထိုကောင်လေး၏မွေးရာပါထူးခြားချက်။ ခရမ်းဖျောရောင်မျက်ဝန်းလေးမှာ လျိုဝှက်မှုများစွာရှိနေတယ်။ ခရမ်းရောင်မျက်ဝန်းပိုင်ရှင်လေးက နှင်းပန်းလေးလို ဖြူဖွေးသန့်စင်သည့်ကောင်လေးနဲ့ဆုံတဲ့အခါ ချစ်ခြင်းတို့စတင်တယ်။