အပိုင်း(၁၄) - Zawgyi

61 6 0
                                    

ညအမှောင်ယံအောက်မှာ ကြယ်လေးများကို ဟိုတစ်စသည်တစ်စလင်းလက်နေ၏။ Junkyu အဆုံးအစမဲ့သည့် ကောင်းကင်ကြီးကိုမော့ကြည့်ရင်း သက်ပြင်းသဲ့သဲ့ချမိသည်။ မနက်က ကိုကြီးနှင့်မကြီးပြောသွားသည့်စကားများ ကိုပြန် စဉ်းစားနေမိ၏။

"ဂျွန်လေး...ဘယ်လိုတောင်မိုက်မဲလိုက်တာလဲကွာ...ကဲပါလေ ပြီးတာတွေမပြောတော့ဘူး။ ဂျွန်လေးSeo-ah ကိုလက်မထပ် ချင်လဲဖြစ်တယ်...ဟိုကောင်နဲ့ကိစ္စဖြတ်ပြီး ကိုကြီးနဲ့သာလိုက်ခဲ့လိုက်..ဟိုမှာအားလုံးကိုကြီးစီစဉ်ပေးမယ်..။"

"ဟုတ်တယ် ဂျွန်လေး မကြီးတို့မောင်လေးက လိမ္မာပါတယ်။ စိတ်ထားနူးညံ့လွန်းလို့ ခနတာစိတ်လွတ်သွားတာဖြစ်မှာပါ။ ကိုကြီးနဲ့မလိုက်ချင်လည်း မကြီးဆီလိုက်ခဲ့လေ နော်...။"

"ဟို..တောင်းပန်ပါတယ် ကိုကြီးနဲ့မကြီး ကျွန်တော့်မှာ တောင်းပန်တာကလွဲရင်ပြောစရာစကားမရှိပါဘူး။"

"ဂျွန်လေး နင်တစ်ကယ်ပြာပုံတိုးချင်နေတာပဲ။ နင့်ကြောင့် မေကြီးအိပ်ယာထဲလဲတာတောင် နင်က ပျော်နေနိုင်သေးတယ်နော်။ မိဘကပေးတဲ့ပညာနဲ့ ဒီပတ်ဝန်းကျင်မှာ အရှက်မရှိပျော်ပါးနေနိုင်တယ်နော်...။ လာကိုကြီး ပြန်ကြမယ် ...။"

ချော့တလှည့်ခြောက်တခါပြောမရသည့်အဆုံးစိတ်ဆိုးကာထွက်သွားကြသည့် ကိုကြီးနှင့်မကြီးကြောင့် Junkyu စိတ်မကောင်းဖြစ်မိသည်မှာအမှန်။ ပတ်ဝန်းကျင်ရိုက်ခတ်မှုကို သူအကျောတင်းကာ ခံနိုင်ရည်ရှိသည့်တိုင် မိသားစု၏ထိုကဲ့သို့ ပြောဆိုမှုများကို သူတစ်ကယ်ခံနိုင်ရည်မရှိဘူး။

သိက္ခာကိုအသက်ကဲ့သို့တန်ဖိုးထားသည်ဖခင်ဖြစ်သူသည် ပညာရေးလောကတွင်လူအများလေးစားရသည့် ပုဂ္ဂိုလ် တစ်ဦးဖြစ်သည်။ယခင်ကျောင်းဆရာ၊ကျောင်းအုပ်ဘဝမှ ကိုယ်ပိုင်ကျောင်းဖွင့်လှစ်ခဲ့သူလည်းဖြစ်သည်။မိခင်ဖြစ်သူသည် သား သမီးများလိမ္မာကာ ထူးချွန်ထက်မြက်သည့်အကြောင်းကို အပေါင်းအသင်းများကြား အမြဲမော်ကြွားနေသူဖြစ်၏။ ယခုလို Junkyu နှင့်ပတ်သက်သည့်ဖြစ်တည်မှုသည် သူတို့အတွက်တော့ ထိတ်လန့်စရာကိစ္စကြီးတစ်ခုဖြစ်၏။

Beautiful Purple EyesDonde viven las historias. Descúbrelo ahora