"ruto.."
Junkyu ခေါ်လိုက်၍ လှည့်ကြည့်လာကာ သူ့ကိုမြင်သည်နှင့်ပြုံးသွားသည့်မျက်နှာလေးသည် ခနလေးအတွင်းမှာ ပြန်လည်ဖျော့တော့သွားသည်။ Seo-ah ဆေးရုံမှာတစ်ပတ်ခန့်ကြာပြီးဆေးရုံဆင်းတော့မှ သူလည်းရုံးပြန်တတ်နိုင်ခြင်း ဖြစ်သည်။ ပြီးခဲ့သည့်တစ်ပတ်လုံး ဆေးရုံမှာသာအချိန်ကုန်နေရသည်။ ညပိုင်းဆို လူနာစောင့်ရှိ၍ နေ့တစ်ပိုင်းလုံး Seo-ah ကို အချိန်ပေးဖြစ်သည်။ အရေးကြီးသည့်အလုပ်များကိုသာ ညဖက်အိမ်ပြန်ရောက်သည့်အချိန်မှသာလုပ်နိုင်သည်။
ရုံးပြန်တတ်သည့်နေ့ တစ်နေကုန် အလုပ်ကြွေးများဆပ်နေရင်း နေ့လည်နားချိန် ကော်ဖီတစ်ခွက်ကိုင်ကာ ခေါင်မိုး ထပ်သို့ ဘာရယ်မဟုတ်တပ်ခဲ့ခြင်းပင်။ ရင်းနှီးနေ့သည့် ကျောပြင်ကျယ်လေးကို တွေ့လိုက်ရသောကြောင့် ခေါ်လိုက်မိသည်။
"ကိုကို...ရုံးပြန်တတ်ပြီလား.. အမ Seo-ah ကော အဆင်ပြေလား..။"
Haruto ပုံမှန်လစဉ် report ကိစ္စနှင့် သူ့ဌါနမှ ဝန်ထမ်းများနှင့်လိုအပ်သည်များကို ဆွေးနွေးနေရင်း ရုံးမှာယခင်နေ့ များထက် အချိန်ကြာကြာနေဖြစ်သွားသည်။ report တင်တိုင်းမှာ ဦးလေးဖြစ်သူ CEO နှင့် ထုံးစံအတိုင်းအခြေအတင်လေးက ရှိစမြဲ။ စကားလုံးတိုင်းသည်လည်း သူ့ကို ချိန်းခြောက်နေသည့်အလား။ လုပ်ချင်တိုင်း လုပ်ခွင့်မရသေးသည့် အခြေအနေကို Haruto မွန်းကြပ်မိသည်။ သူ့လည်ပင်းပေါ်တင်ထားသည့် ဓားကိုမကြောက်သည့်တိုင် သူ့မိဘများအတွက် အမှန်တရားကို သိချင်သည်။ သူ့အားနည်းချက်ကို သူ့ဦးလေးကအမိအရကိုဆုပ်ကိုင်ထားဆဲပင်။
သူသည်လည်းထုံးစံအတိုင်း ဦးလေးကိုမလွန်ဆန်နိုင်သည့်ပုံစံပြခဲ့ရသည်။ ထိုနောက် အလုပ်လည်းလုပ်ဖို့ စိတ်မပါ တော့၍ ခေါင်းမိုးထပ်သို့ရောက်နေခြင်းပင်။ မရောက်ဖြစ်သည်မှာလည်း အနည်းငယ်ကြာပြီမလား။ လောလောဆယ် အခြေ အနေမှာ သည်နေရာလေးက သူ့ကိုထွက်ပေါက်ပေးနိုင်သလို ကိုကိုနှင့်ပထမဆုံး ပြန်ဆုံဆည်းစေသည့်နေရာလေးဆိုလည်း မမှား။
လွမ်းဆွတ်စိတ်ဖြင့် သတိရနေသည့်အချိန်မှာပင် ခေါ်သံလေးကြောင့် Haruto ဆုတောင်းပြည့်သွားသလိုပင်။ ချက်ချင်းပင်ထိုနေ့က အဖြစ်အပျက်ကိုသတိရမိသည်နှင့် စိတ်မကောင်းဖြစ်မိသည်။ အနည်းဆုံးတော့ သူ့နောက်ကို ကိုကိုလိုက် လာပြီး နှစ်သိမ့်လိမ့်မည်ဟုထင်ထားမိ၏။ ဆေးရုံအပေါက်ဝ၌ သူခေတ္တမျှကိုကို့ကို ရပ်စောင့်နေခဲ့သေးသည်။
ESTÁS LEYENDO
Beautiful Purple Eyes
Fanficလှပလွန်းသည့် ခရမ်းဖျောရောင်မျက်ဝန်းလေးက ထိုကောင်လေး၏မွေးရာပါထူးခြားချက်။ ခရမ်းဖျောရောင်မျက်ဝန်းလေးမှာ လျိုဝှက်မှုများစွာရှိနေတယ်။ ခရမ်းရောင်မျက်ဝန်းပိုင်ရှင်လေးက နှင်းပန်းလေးလို ဖြူဖွေးသန့်စင်သည့်ကောင်လေးနဲ့ဆုံတဲ့အခါ ချစ်ခြင်းတို့စတင်တယ်။