သူ့ရှေ့ကအစီရင်ခံစာကိုကြည့်နေမိသည်။ ပုံမှန်ဆို အလုပ်တစ်ခုအောင်မြင်ခြင်းက သတင်းကောင်း တစ်ခုဆိုသော်လည်း နည်းနည်းဘဝင်မကျမိသလိုခံစားရသည်။ Haruto ၏အစီရင်ခံစာဖြစ်သည်။ လွန်ခဲ့သော လက သည်ကောင်လေးသူ့ဆီရောက်လာခဲ့သည်။ အကြောင်းအရင်းက ဒီ project ကို တစ်လအတွင်း အကောင်အထည်ဖော် စတင်နိုင်လျှင် သူ့ဌါနမှဝန်ထမ်းများကို တခြားဝန်ထမ်းများနည်းတူ ခံစားခွင့်ပေးဖို့ လာတောင်းဆိုခြင်းဖြစ်သည်။
ထိုစဉ်က မင်းလုပ်နိုင်တဲ့နေ့အချိန်မရွေး ငါ့ဆီပြန်လာခဲ့ဟု အထင်သေးစွာကြည့်ရင်း သူပြောခဲ့သည်။ ယခု ထိုကောင်လေး၏အောင်မြင်မှုလမ်းစသည် သူ့မျက်စိရှေ့၌ရောက်နေပြီဖြစ်၏။ Beom Seok သူ မြွေပွေးခါးပိုက်ပိုက်သလို ခံစားနေရသည်။ ထိုကောင်လေး ပညာရေးဖက်၌ထူးချွန်သည်ကိုဖြင့် သူအသိအမှတ်ပြုသည်။ အပေါင်းအသင်းမရှိပဲ အချိန် ပြည့် စာကြည့်တိုက်၌သာ အချိန်ကုန်နေတတ်သည်ဟု အချိန်ပြည့်စောင့်ကြည့်ခိုင်းထားခြင်းကြောင့် သူသိပြီးဖြစ်၏။
ထိုကြောင့် ပြန်ရောက်လာသည်နှင့် သည် Project ကို ရာထူးကြီးကြီးပေးကာ ဦးစီးခိုင်းလိုက်ခြင်းဖြစ်သည်။ ထိုကဲ့သို လုပ်လိုက်ခြင်းမှာ Beom Seok သူ့မှာအကြောင်းရှိသည်။ ယခုချိန်ထိ Royal Group ၏ ရှယ်ယာအများဆုံးကို ထိုကောင်လေးပိုင်ဆိုင်နေဆဲဖြစ်၏။ သူက ထိန်းသိမ်းပေးထားရသူအဆင့်သာရှိသည်။ အများအမြင်၌ ရုပ်ပြကောင်းအောင် ထိုရာထူးကိုပေးကာ အဆင်မပြေနိုင်သည့်ဌါနကို တမင်တာဝန်ပေးလိုက်ခြင်းပင်။
နဂိုကတည်းကမှ ဖျက်သိမ်းပစ်ဖို့ ရည်ရွယ်ထားသည့်ဌါနဖြစ်သည်။ စာတွေသာဖတ်ပြီး လက်တွေ့လူပတ်ဝန်းကျင်မှာ အသိပညာမကြွယ်သည့်ကောင်လေး မည်သို့မှအဆင်မပြေနိုင်ချေ။ ထိုမှသာ Royal ၏ share ရှင်များ၏ရွေးချယ်မှုသည့် သူမှသူ ဖြစ်ကာ သူ၏အာဏာသည်လည်းဆက်လက်တည်တံ့နေမှာဖြစ်သည်။
"တီ တီ တီ.. CEO ဟာရုတိုရောက်နေပါပြီ။"
"အေး.. လွှတ်လိုက်..။"
Intercom မှထွက်ပေါ်လာသောအတွင်းရေးမှူး၏အသံကြောင့် Lee Beom Seok အတွေးဆများ ပြတ်တောက် သွားခဲ့သည်။ ထိုကြောင့် အသံပြတ်နှင့်ပြန်ပြောလိုက်သည်။ ခနအကြာ တံခါးခေါက်သံနှင့် ထိုကောင်လေးဝင်လာခဲ့သည်။ သူ သူ့ရှေ့မှထိုင်ခုံကိုမေးငေါ့ပြကာ ထိုင်ခိုင်းလိုက်သည်။
STAI LEGGENDO
Beautiful Purple Eyes
Fanfictionလှပလွန်းသည့် ခရမ်းဖျောရောင်မျက်ဝန်းလေးက ထိုကောင်လေး၏မွေးရာပါထူးခြားချက်။ ခရမ်းဖျောရောင်မျက်ဝန်းလေးမှာ လျိုဝှက်မှုများစွာရှိနေတယ်။ ခရမ်းရောင်မျက်ဝန်းပိုင်ရှင်လေးက နှင်းပန်းလေးလို ဖြူဖွေးသန့်စင်သည့်ကောင်လေးနဲ့ဆုံတဲ့အခါ ချစ်ခြင်းတို့စတင်တယ်။