အပိုင်း(၁၀) - Zawgyi

72 5 2
                                    

" ဟဲ့ မိန်းမ ရှင်တို့တွေ ခုတလောအဆင်ပြေနေတယ်ဟုတ်..ညီးညူသံမကြားရတော့ ကျုပ်တောင် တခုခုလိုနေသလိုပဲ.ဟား ဟ"

"အေး အရင်ထက်စာရင် အဆင်ပြေတာပေါ့ဟ အရင်ကဆိုရုံးသာလာရတာ ဘယ်နေ့ ငါတို့ဌါနကိုဖျတ်သိမ်းဖို့လာပြောမလဲ ဆိုတဲ့စိတ်ကြီးနဲ့လေဟာ.. ခုတော့ အဲ့လိုတွေးစရာမလိုတော့ဘူးထင်တယ်..မျှော်လင့်ချက်တွေရှိလာသလိုပဲ..ဟီး ဟီး .."

"ဒါဆို နင်တို့ ဒါရိုက်တာဟာက ထင်ထားသလောက်မဆိုးပဲ..။"

"အေး ရုပ်လည်းချောသလို အသက်ကလည်းငယ်ငယ်ပဲရှိသေးတာနော်.. ပထမတော့ ဘက်ဂရောင်းကြောင့် ရာထူးကြီး ယူပြီး ဘာအလုပ်မှမဖြစ်တဲ့ငါတို့ဌါနရောက်လာတော့ ခါတိုင်းလူတွေလိုပဲ ဟိုအယောင်ပြ ဒီအယောင်ပြနဲ့ အချိန်တန်ရင် သွားမှာ ပဲလို့ထင်ခဲ့မိတာလေ..။ ခုတော့ တတ်တတ်စင်လွဲတာဟေ့.. ယူထားတဲ့ရာထူးနဲ့မှမလိုက် အရမ်းအလုပ်လုပ်လွန်းလို့ ငါတို့ တောင် ပြန်အားနာရတယ်.."

"အေးပေါ့ဟ နင်တို့ဌါနကစုတ်ပျတ်သက်ပြီး ချောင်ထိုးခံထားရတာ ဘယ်လောက်ကြာပြီလဲ..ဒီတော့ သူကအများကြီး ကြိုးစားရတာနေမှာပေါ့..။"

"အေးလေ ငါတို့မှာလဲ ဘယ်တော့အဖြုတ်ခံရမလဲတွေးပူနေရတာ နေ့တိုင်းလေ.."

"နင်တို့ ဒါရိုက်တာကြီးက အသက်သာငယ်တာ တွေ့လိုက်ရင် ရုပ်တည်ကြီးနဲ့နော်.."

"အေး စက်ရုပ်ကြီးကျနေတာပဲ..နေ့တိုင်းအပင်ပမ်းခံအလုပ်တွေလုပ်နေတာ နားချိန်တောင်ရှိရဲ့လား မသိဘူး။ တစ်ခါတလေ သူ့ကိုကြည့်ပြီး ငါအရမ်းသနားတာပဲ.. တစ်ခါတလေကျတော့လည်း လူမှဟုတ်ရဲ့လားဆိုပြီး သံသယ ဝင်မိတယ်.. ဟဲ့ ရုပ်သာ တည်တာနော် အကြင်နာတရားမခေါင်းပါးဘူး..ဟိုရက်က အလုပ်သမားတစ်ယောက်အပေါ် ပစ္စည်းပြုတ်ကျတာ သူဝင်ဆွဲ လိုက်တာ ပုခုံးကိုတော်တော်ထိသွားတယ်..။ နောက်ပိုင်း အောက်ခြေအလုပ်သမားကအစ လုပ်ငန်းခွင်မှာ Safety ဝတ်စုံ အပြည့်အစုံဝတ်ဖို့ ညွှန်ကြားထားတယ်ဟ..။"

Junkyu နေ့လည်စာ စားနေရင်း သက်ပြင်းငွေ့ငွေ့ကိုအသာချလိုက်သည်။ နေ့လည်စာကို အပြင်သွားချင် စိတ်မရှိ သောကြောင့် ရုံး၏ကန်တင်းမှာပင် သူစားဖြစ်သည်။သူ့နောက်ကျောကပ်လျှက်စားပွဲမှ မိန်းခလေးများ၏စကားပြောသံကို သူအတိုင်းသားကြားနေရခြင်းဖြစ်သည်။ Haruto တို့ဌါနမှဝန်ထမ်းများနှင့် အခြားဌါနမှ ဝန်ထမ်းများဖြစ်၏။

Beautiful Purple EyesOù les histoires vivent. Découvrez maintenant