အပိုင်း (၂ရ ) - Unicode

161 20 2
                                    

                            "လူဆိုးကောင်...ငါ့ကိုပစ်ထားတာကြာနေပြီနော်...ခုဒီမှာ အားလုံးအဆင်ပြေနေပြီ.. မင်းမြန်မြန်ပြန်လာတော့။ မဟုတ်ရင် ငါကိုရီးယားပြန်ပြီးတော့ မိန်းမယူပစ်လိုက်မယ်..။ "

Haruto ကိုသန့်ရှင်းရေးလုပ်ပေးရင်းနှင့် Junkyu ရေရွတ်နေခြင်းဖြစ်သည်။ အခုဆိုလျှင် ၄၅ရက်တိတိရှိနေပြီဖြစ်၏။ မှန်းထားသည်ထက်ပို၍ကြာလာသည့်ရက်များကြောင့် သူ့စိုးရိမ်စိတ်သည်လည်း ဒီရေအလား...။ သူတစ်ကယ် ခံနိုင်ရည်မဲ့ချင် လာပြီဖြစ်သည်။

Haruto မရှိတော့ရင်ဆိုသည့်စိတ်ကိုသူမတွေးမိဖို့ သူ့ကိုယ်သူရုန်းကန်နေရသည်။ သည်အစား Haruto ပြန်လာလျှင် လက်ထပ်ပြီး ဂျပန်မှာမရောက်ဖူးသည့်နေရာများစွာကို သူတို့နှစ်ယောက်ခရီးထွက်ပစ်လိုက်မည်ဟုသာ တွေးတောထားသည်။ အတွေးဖြင့်ကြိုတင်ပုံဖော်ကြည့်သည်တောင် ပျော်စရာကောင်းလှ၏။

သူတို့နှစ်ယောက်ကိုရီးယားမှထွက်လာပြီးကတည်းက မည်သည့်ခရီးမှသေချာမထွက်ဖူးခဲ့ပေ။ အတိုးချကာ သွားပစ်ဖို့ နာမည်ကြီးနေရာအချို့ကိုပင် Junkyu ရှာထားပြီးဖြစ်၏။ Haruto ကိုသန့်ရှင်းရေးလုပ်ပြီးသွားသည်နှင့် ထုံးစံအတိုင်း နဖူးလေးကို Junkyu နမ်းလိုက်သည်။

ထိုနောက် ကုတင်နံဘေးမှာပင် ထိုင်ကာ အခုတလော သူကြည့်ထားသည့် သွားရန်ရွေးချယ်ထားသည့် နေရာအချို့ကို အင်တာနက်စာမျက်နှာထက် ရှာဖတ်ရင်း အကြောင်းအရာများကို မကြားနိုင်သည့် Haruto ကို တတွတ်တွတ်ပြောနေမိ၏။ ဒါတွေက သည်ရက်ပိုင်း သူလုပ်နေကျအရာများဖြစ်သည်။ အလုပ်တွေလည်း အကုန်နားထားရသည်။

Haruto မိခင်၏ကျန်းမာရေးသည်လည်း တိုးတတ်လာသည်ဟုပြောလို့ရသည်။ Haruto မိခင်အနား Akio အချိန်ပြည့် စောင့်ရှောက်နေပးနိုင်လို့သာတော်တော့၏။ လက်ရှိ CEO နေရာကိုတာဝန်ယူထားသည့် Do-Yun က အလုပ်ပြန်ဝင်ဖို့ပြော သလို၊ သူဆန္ဒရှိလျှင် Bistro ကို ဦးစီးနိုင်ကြောင်း Akio မှပြောလာသည်။ လောလောဆယ်အခြေအနေမှာ ဘာကိုမှအာရုံ မလာသည့် Junkyu အတွက် Haruto မှလွဲလျှင် ကျန်တာစိတ်မဝင်စားပေ။

Junkyu အတွက်အရေးကြီးက Haruto အမြန်ဆုံးနိုးလာဖို့သာ မျှော်လင့်မိသည်။

Beautiful Purple EyesWo Geschichten leben. Entdecke jetzt