Akio ချီတုန်ချတုန်စဉ်းစားနေရင်းမှပင် Shopping Center ထဲဝင်ခဲ့လိုက်သည်။ သူ Haruto အတွက် အားဖြစ်စေမည့် စားစရာတစ်ခုခုလုပ်ပေးချင်၍ဖြစ်သည်။ လူပင်ပမ်း၊စိတ်ပင်ပမ်းဖြစ်နေသည့်အချိန် နှစ်သက်သည့်အစားအစာသည် စိတ်အင် အားကိုဖြစ်စေသည်ဟု သူကြားဖူး၍ဖြစ်၏။ အမှန်တစ်ကယ်ဟုတ်မဟုတ် သူလည်းမသိချေ။
သေချာစဉ်းစားကြည့်သော်လည်း Haruto နှစ်နှစ်သက်သက်ရှိလှသည့် အစားအစာမျိုးကို Akio စဉ်းစားမရပေ။ Haruto ကိုယ်တိုင်သည်လည်း မည်သည့်အရာမှမက်မက်စက်စက်မရှိလှ။ နောက်ဆုံး သူစဉ်းစားမိသည်က ဖွားဖွားရှိစဉ်က လုပ်ကျွေးဖူးသည့် ကြက်ဆေးပေါင်းကိုပင်။ ထိုစဉ်က သူ ruto ဆီမှပင် သူ့ဝေစုကိုလု၍ပင်စားခဲ့ရသည်မလား။
ဖွားဖွားရှိစဉ်ကအချိန်တွေကို Akio သတိရမိ၏။ ယခုလို လကွယ်ညတွေကိုဖြတ်သန်းရသည့်ရက်များပင်ဖြစ်သည်။ အမှောင်ဆုံးနေ့ဖြစ်သည့် လကွယ်ညသည် အမှောင်သခင်များကြီးစိုးကြသည်။ ထိုအချိန်၌ နတ်ဆိုးသွေးနှောဖြစ်သည့် Haruto အတွက်လွန်စွာမှသတိထားရသည့်ရက်များဖြစ်သည်။ နတ်ဆိုးများသည်မကောင်းမှုပြုလုပ်ရန် လှုံ့ဆော်ကြလေ၏။
Haruto သာထိုမကောင်းသည့်စိတ်ကိုမထိန်းနိုင်လျှင် နတ်ဆိုးစစ်စစ်ဖြစ်သွားမည်မှာမလွဲ။ ယခုလိုအခြေအနေကို လည်း လွယ်လွယ်ကူကူနှင့်ဖြတ်သန်းခဲ့ရသည်မဟုတ်။လကွယ်ညနီးသည့်ရက်မှစ၍ လကွယ်ညပြီးသည့်တိုင် haruto သည် သူ့သွေးသားထဲမှနတ်ဆိုးနှင့်တိုက်ပွဲဝင်နေရသည့်ရက်များပင်။ ထိုအချိန်များသည် ထိခိုက်ဒဏ်ရာလောက်ကို မဆိုထားနှင့် အသက်အန္တာရယ်နှင့်ပင်ရင်ဆိုင်ခဲ့ရဖူးသည်။
ယခုဆိုလျှင် harutoသည် သူ့ကိုယ်သူကောင်းစွာထိန်းချုပ်လာနိုင်သလို စွမ်းအားများပင်တိုးလာခဲ့သည်။ သို့ပေမယ့် သည်လိုရက်များကုန်ဆုံးပြီးလျှင် rutoသည် နေမကောင်းဖြစ်ထားသည့်သူကဲ့သို့ ဖြူဖျော့ကာအားအင်ကုန်ခမ်းလေ့ရှိသည်။ ယခုတလော ruto မှာစိတ်မပျော်ရွှင်ရာကိစ္စလေးများရှိသဖြင့် ပို၍ပင်ပမ်းနေလိမ့်မည်။ ထိုကိစ္စသည်အခြားမဟုတ် ruto ၏အချစ်ရေးကိစ္စပင်ဖြစ်၏။
"ဘာလုပ်.. ခင်ဗျား..."
Akio သူမှတ်သားလာခဲ့သည့် စာရွက်ကိုကိုင်ရင်း လိုအပ်သည့်ပါဝင်ပစ္စည်းများကိုလိုက်ရှာနေရင်း လက်ထဲမှ စာရွက်ကို ဆွဲလုပ်ခံလိုက်ရ၍ ဒေါသထွက်စွာကြည့်လိုက်မိသည်။ ပြုံးစိစိမျက်နှာထားဖြင့် သူ့ကိုကြည့်နေသည့် Do-Yun ..။
JE LEEST
Beautiful Purple Eyes
Fanfictieလှပလွန်းသည့် ခရမ်းဖျောရောင်မျက်ဝန်းလေးက ထိုကောင်လေး၏မွေးရာပါထူးခြားချက်။ ခရမ်းဖျောရောင်မျက်ဝန်းလေးမှာ လျိုဝှက်မှုများစွာရှိနေတယ်။ ခရမ်းရောင်မျက်ဝန်းပိုင်ရှင်လေးက နှင်းပန်းလေးလို ဖြူဖွေးသန့်စင်သည့်ကောင်လေးနဲ့ဆုံတဲ့အခါ ချစ်ခြင်းတို့စတင်တယ်။