မောင်တို့အိမ်ကိုကိုကြီးစရောက်လာတော့ ကိုကြီးအသက်ကဆယ့်ငါးနှစ်..မောင့်အသက်က ငါးနှစ်။ ကိုကြီးနဲ့မောင်ရဲ့အသက်ကွာဟချက်က ဆယ်နှစ်ပါ။ ဆယ်နှစ်တဲ့လေ။ မောင့်အထင်တော့ ကိုကြီးနဲ့မောင်ရဲ့ကွာခြားချက်တွေက အဲဒီကစလိမ့်မယ်ထင်တယ်။
ကိုကြီးကတိတ်ဆိတ်တဲ့ကလေးဆို မောင်ကဆူညံတတ်တဲ့ကလေးမျိုးပါ။ ငယ်ငယ်ကတည်းက ကိုကြီးကအမြဲမောင့်ကိုဆိုဖယ်ခွာဖယ်ခွာလုပ်တတ်တာ မောင်မှတ်မိနေသေးတယ်။ လူကြီးတွေကတော့ ကိုကြီးကသူ့နည်းသူ့ဟန်နဲ့ မောင့်ကိုအမြဲဂရုစိုက်ရှာတယ်လို့တော့ ပြောသားဗျ။ မောင်ကတော့ မထင်ပေါင်။ ကိုကြီးကမောင့်ကိုဆို ဘယ်တော့မှလည်းအထင်ကြီးလေးစားပေးတတ်တဲ့သူမျိုးမဟုတ်ဘူး။ ဂရုစိုက်ဖို့ဆို ဝေးတာမှအတော်ဝေးဝေးပေါ့။
အချိန်တွေကြာလာတော့မောင်နဲ့ကိုကြီးလည်း ဘာသိဘာသာနဲ့ တသီးတသန့်ဆီ ကြီးပြင်းလာခဲ့ရတာပေါ့။ ကိုကြီးကမောင့်ကိုမုန်းနေတယ်လို့ ထင်ခဲ့တာမလို့ မောင်ကလည်း ကိုကြီးကိုလုံး၀ကြည့်မရခဲ့တော့တာပဲ။
ဒါပေမယ့် ရုတ်တရက်ကြီး ကိုကြီးကမောင့်ကိုချစ်နေတယ်ဆိုတာ သိလိုက်ရပါလေရော။
မောင့်နာမည်ကတော့ သက်ဇမ္ဗူမောင်ပါ။ ဒီဇာတ်လမ်းကတော့ မောင်နဲ့ မောင့် အချစ်ရဲ့ပဲ့တင်သံများ[Echoes of love]ပါပဲခင်ဗျာ။
သြော်...စကားချပ်အနေနဲ့ မောင့်ကိုကြီးကသိပ်ချောတာဗျ။
_______________
စာရေးသူရဲ့ပြောစရာများ // ဟုတ်ပါတယ် Kohiဖတ်ဖူးတဲ့သူတွေကတော့ သိလောက်မယ့် ကိုကိုးရဲ့သူငယ်ချင်း သက်ဇမ္ဗူမောင်နဲ့ သူ့ကိုကြီး မြတ်သိင်္ခမောင်တို့ရဲ့ ဇာတ်လမ်းကို ဇွန်ဇွန်သက်သက်ထပ်ခွဲရေးဖို့လုပ်လိုက်တာပါပဲရှင့်။ Kohiအပေါ်အမျှင်တန်းနေတဲ့ သံယောဇဥ်လေးများနဲ့ပေါ့ရှင်။
ေမာင္တို႔အိမ္ကိုကိုႀကီးစေရာက္လာေတာ့ ကိုႀကီးအသက္ကဆယ့္ငါးႏွစ္..ေမာင့္အသက္က ငါးႏွစ္။ ကိုႀကီးနဲ႔ေမာင္ရဲ့အသက္ကြာဟခ်က္က ဆယ္ႏွစ္ပါ။ ဆယ္ႏွစ္တဲ့ေလ။ ေမာင့္အထင္ေတာ့ ကိုႀကီးနဲ႔ေမာင္ရဲ့ကြာျခားခ်က္ေတြက အဲဒီကစလိမ့္မယ္ထင္တယ္။
ကိုႀကီးကတိတ္ဆိတ္တဲ့ကေလးဆို ေမာင္ကဆူညံတတ္တဲ့ကေလးမ်ိဳးပါ။ ငယ္ငယ္ကတည္းက ကိုႀကီးကအၿမဲေမာင့္ကိုဆိုဖယ္ခြာဖယ္ခြာလုပ္တတ္တာ ေမာင္မွတ္မိေနေသးတယ္။ လူႀကီးေတြကေတာ့ ကိုႀကီးကသူ႔နည္းသူ႔ဟန္နဲ႔ ေမာင့္ကိုအၿမဲဂရုစိုက္ရွာတယ္လို႔ေတာ့ ေျပာသားဗ်။ ေမာင္ကေတာ့ မထင္ေပါင္။ ကိုႀကီးကေမာင့္ကိုဆို ဘယ္ေတာ့မွလည္းအထင္ႀကီးေလးစားေပးတတ္တဲ့သူမ်ိဳးမဟုတ္ဘူး။ ဂရုစိုက္ဖို႔ဆို ေဝးတာမွအေတာ္ေဝးေဝးေပါ့။
အခ်ိန္ေတြၾကာလာေတာ့ေမာင္နဲ႔ကိုႀကီးလည္း ဘာသိဘာသာနဲ႔ တသီးတသန္႔ဆီ ႀကီးျပင္းလာခဲ့ရတာေပါ့။ ကိုႀကီးကေမာင့္ကိုမုန္းေနတယ္လို႔ ထင္ခဲ့တာမလို႔ ေမာင္ကလည္း ကိုႀကီးကိုလံုး၀ၾကည့္မရခဲ့ေတာ့တာပဲ။
ဒါေပမယ့္ ရုတ္တရက္ႀကီး ကိုႀကီးကေမာင့္ကိုခ်စ္ေနတယ္ဆိုတာ သိလိုက္ရပါေလေရာ။
ေမာင့္နာမည္ကေတာ့ သက္ဇမၺူေမာင္ပါ။ ဒီဇာတ္လမ္းကေတာ့ ေမာင္နဲ႔ ေမာင့္ အခ်စ္ရဲ့ပဲ့တင္သံမ်ား[Echoes of love]ပါပဲခင္ဗ်ာ။
ေၾသာ္...စကားခ်ပ္အေနနဲ႔ ေမာင့္ကိုႀကီးကသိပ္ေခ်ာတာဗ်။
_______________
စာေရးသူရဲ့ေျပာစရာမ်ား // ဟုတ္ပါတယ္ Kohiဖတ္ဖူးတဲ့သူေတြကေတာ့ သိေလာက္မယ့္ ကိုကိုးရဲ့သူငယ္ခ်င္း သက္ဇမၺူေမာင္နဲ႔ သူ႔ကိုႀကီး ျမတ္သိခၤေမာင္တို႔ရဲ့ ဇာတ္လမ္းကို ဇြန္ဇြန္သက္သက္ထပ္ခြဲေရးဖို႔လုပ္လိုက္တာပါပဲရွင့္။ Kohiအေပၚအမ်ွင္တန္းေနတဲ့ သံေယာဇဥ္ေလးမ်ားနဲ႔ေပါ့ရွင္။
YOU ARE READING
Echoes of Love{Complete}
RomanceI once believed love would be (Black and white) But it's golden (Golden) And I can still see it all (In my head)