||16||

3.3K 353 30
                                    

Unicode

မောင်တို့အိမ်အပေါ်ထပ်မှာရှိတဲ့အခန်းလေးခန်းမှာ မောင်နဲ့ကိုကြီးရဲ့အိပ်ခန်းတွေကမျက်နှာချင်းဆိုင်ပါ။ ကျန်တဲ့နှစ်ခန်းမှာတော့ ဧည့်သည်ခန်းတစ်ခန်းနဲ့ ဘုရားခန်းသာဖြစ်ပြီးတော့ မောင်တို့နှစ်ယောက်ရဲ့အိပ်ခန်းနှစ်ခုရဲ့အလယ်ရှေ့မှာ Gerbera Daisy, Chinese Evergreens အစရှိနဲ့အိမ်တွင်းစိုက်အပင်များနှင့် ဆိုဖာခုံတန်းရှည်တစ်ခုထပ်ရှိပါတယ်။ ဒါကိုမောင့်မာမီကအိမ်တွင်းအလှဆင်အနေနဲ့ထားခဲ့တာပါ။

ကိုကြီးကမောင့်ကိုအဲဒီဆိုဖာခုံတန်းမှာထိုင်စောင့်ခိုင်းခဲ့ပြီး သူ့အိပ်ခန်းထဲကို၀င်သွားပြီးတဲ့နောက် သိပ်မကြာလိုက်တဲ့အချိန်မှာ အရေးပေါ်ဆေးဘူးသေတ္တာလေးနှင့်အတူ ပြန်ထွက်လာပါတယ်။ ဒီအချိန်မှာမောင်လုပ်နိုင်တာအားလုံးက ငြိမ်၍လိမ်လိမ်မာမာထိုင်စောင့်နေတာသာ ဖြစ်၏။ မတတ်နိုင်ဘူးလေ။ ကိုကြီးကsilent treatmentပေးလာတဲ့အခါမှာ မဖြစ်စဖူးအဖြစ်ထူးတဲ့မောင့်ရဲ့အပြစ်ရှိိစိတ်လေးက သူ့ဟာသူနိုးထလာတာမဟုတ်လား။

ကိုကြီးကမောင်ထိုင်နေတဲ့ဆိုဖာရှည်ပေါ်မှ လွတ်နေသေးတဲ့ နေရာတွင်၀င်ထိုင်ပါတယ်။ ဆေးဘူးကိုဘေးတွင်ချလိုက်တော့ အလိုက်တသင့်ပင်မောင်ကခန္ဓာကိုယ်ကို ကိုကြီးဘက်မျက်နှာမူ၍လှည့်လျက်ပြင်ထိုင်ပေးလိုက်တယ်။

ကိုကြီးရဲ့လှုပ်ရှားမှုတိုင်းကို မောင်လိုက်ကြည့်မိတယ်။ ဂွမ်းစလေးထုတ်တာကနေ အရက်ပြန်ဘူးကိုလှုပ်ခါတာကအဆုံး လက်ချောင်းရှည်ရှည်၊ ခပ်၀ိုက်၀ိုက်ညှပ်ထားတဲ့လက်သည်းကြည်ကြည်များရဲ့ သန့်စင်မှုကို အမှုမဲ့အမှတ်မဲ့ကနေအာရုံတစိုက်ဖြစ်မိတဲ့အထိငေးမောမိတယ်။

"အာ့"

ရုတ်တရက် နှုတ်ခမ်းထောင့်စွန်းအပေါ်ရောက်လာတဲ့ အရက်ပြန်ရဲ့စိုစွတ်စွတ်စပ်ဖျင်းဖျင်းအရသာက မောင့်မျက်ခုံးတွေကိုစုကြုံ့သွားစေမိတယ်။ ငေးလွန်းနေမိတာကလူကို သတိလက်လွတ်ဖြစ်စေပါတယ်။

"မိန်းကလေးတစ်ယောက်အတွက်ကြောင့် ရန်ဖြစ်ရတယ်ဆိုတာ ရူးမိုက်တာပဲ"

"မောင်ဘယ်သူ့အတွက်မှ ရန်မဖြစ်ဘူး"

မောင်ကမတုံ့မဆိုင်း ပြတ်ပြတ်သားသားကိုငြင်းဆိုလိုက်တယ်။ ကိုကြီးရဲ့အတွေးတွေက ဘယ်လိုဖြစ်နေသလဲမောင်ဂရုမစိုက်တော့ဘူး။ မောင့်ကိုသက်သက်မဲ့ရူးမိုက်တယ်လို့ ပြောတာကိုတော့မခံနိုင်ပါဘူး။ ​

Echoes of Love{Complete}Where stories live. Discover now