Unicode
လွန်ခဲ့သောလအနည်းငယ်။
သွယ်ထားပိုနှင့်မိုးရိပ်ဥာဏ်စတင်နယ်ကျွံမိကြတဲ့နေ့ဟာ သွယ်ထားပိုရဲ့မွေးနေ့ပါ။ မိုးရိပ်ဥာဏ်ကတဇွတ်ထိုးနိုင်တယ်ဆိုပေမယ့်လို့ အဲ့ဒီညကအဖြစ်အပျက်မှာနှစ်ဦးလုံးမှားခဲ့တဲ့ စိတ်အလိုလိုက်မှုဖြစ်ခဲ့ကြတယ်။
အားလုံးပြီးသွားတော့ဥာဏ်ပြန်ရခဲ့တာက ခပ်ပြင်းပြင်းလက်၀ါးတစ်ချက်။ ဥာဏ်မမှုပါ။ဆယ်ချက်ဆိုလျှင်တောင် သူကအံကြိတ်ခံလိုက်ပါဦးမယ်။
သွယ်ထားပိုအနေနှင့်ဥာဏ့်ကိုပစ်ထုတ်လို့မရသေးတဲ့အချိန်မှာ ဒီလိုသာရေလိုက်ငါးလိုက်နေနေခဲ့တယ်။ ဥာဏ်ကသူမကိုVanနှင့်မိတ်ဆက်ပေးမယ့် အချိတ်အဆက်တစ်ခုပဲမဟုတ်လား။ ဒီကြားထဲမှာပင်လယ်ရေကိုသောက်မိသူလိုမျိုး မကောင်းမှန်းသိပေမယ့် သူမသာယာမှုကိုရှာတွေ့ခဲ့သေးတယ်။ ဥာဏ့်ကိုအပျော်အပါးတစ်ခုလိုသဘောထားရင်း သွယ်ထားပိုတစ်ယောက်ဆန္ဒအလိုတွေလိုက်မိပါတယ်။
Vanနှင့်အနည်းငယ်ရင်းနှီးသွားတော့ Vanလိုအပေါင်းအသင်းများတဲ့သူက သွယ်ထားပိုကိုလည်းသူ့ရဲ့နယူးရီးယားပါတီကိုဖိတ်ခဲ့ပါတယ်။ သွယ်ထားပိုလိုချင်ခဲ့တာကလည်းအဲ့ဒီဖိတ်ကြားမှုပါပဲ။ ဒီအချိန်မှာဥာဏ်ကသွယ်ထားပိုရဲ့ခြေလှမ်းတွေကို စတင်သံသယ၀င်လာခဲ့ပြီဖြစ်သလို သွယ်ထားပိုအပေါ်လည်းပိုင်ပိုင်စီးစီးပြုမူလာတဲ့အတွက် ချော့တစ်ခါခြောက်တစ်လှည့်နှင့်သွယ်ထားပိုဟာ ဥာဏ့်အပေါ်ဖြတ်ချဖို့ကြံစည်ပြန်တယ်။ နယူးရီးယားပါတီမှာမောင့်ဘ၀ထဲကို အကွက်ကျကျချဥ်းနင်း၀င်ရောက်ဖို့ သူမစီစဥ်ထားခဲ့ပြီးနှင့်ပြီ။
အဲ့ဒီညကဥာဏ်ကVanတို့ရဲ့ပါတီကို သူပါလိုက်မယ်ဆိုလာလို့ သွယ်ထားပိုမှာထပ်၍ကြံဖန်ရတယ်။ Vanတို့ပါတီသူမလည်းမသွားဖြစ်တော့ပါလို့ ဥာဏ်ယုံအောင်အမျိုးမျိုးပိုင်နိုင်စွာလီဆည်ရင်း ဥာဏ့်ကိုခါချကာပါတီကိုအမှီလာနိုင်ခဲ့ပါတယ်။
အဲ့ဒီညမှာမောင်ကသူမဆင်ထားတဲ့ကြိုးကွင်းဆီ ပိုင်ပိုင်နိုင်နိုင်ညွတ်ကျလာတော့မယ်လို့ သွယ်ထားပိုမျှော်လင့်ခဲ့တဲ့အတိုင်း မောင်ကလည်းလူမသိသူမသိကို မူးယစ်နေခဲ့တယ်။ ရှုပ်ထွေးဆူညံလွန်းတဲ့ရေကူးကန်ပါတီနားကနေ မောင့်ကိုသူမဆွဲမလျက်အပေါ်ထပ်ကိုတက်ခဲ့ပြီး အိပ်ခန်းထဲမှာသူမတို့နှစ်ယောက်သာရှိတော့တဲ့ မှောက်မှားစရာအခြေအနေကိုရောက်နေခဲ့ပြီဆိုကာမှ လေပွေမုန်တိုင်းတစ်ခုလိုအရှိန်နှင့်ဥာဏ်က အိပ်ခန်းတံခါးကိုဆောင့်ကန်၍၀င်လာခဲ့ပါတယ်။
YOU ARE READING
Echoes of Love{Complete}
RomanceI once believed love would be (Black and white) But it's golden (Golden) And I can still see it all (In my head)