||15||

3.2K 352 30
                                    

Unicode

သွယ်ထားပိုကရှစ်ယောက်စာစားပွဲ၀ိုင်းတစ်ခုကို ကြို၍Bookingတင်ထားခဲ့တာကြောင့် မောင်တို့ရောက်တဲ့အချိန်receptionတွင်နာမည်ပြောလိုက်ရုံနှင့် ၀န်ထမ်းတစ်ယောက်ကစားပွဲဆီကို လိုက်ပို့ပေးပါတယ်။ မောင်နှင့်သွယ်လေးကနောက်အကျဆုံး ရောက်သွားခဲ့တာဖြစ်လို့ တစ်၀ိုင်းလုံးရဲ့အကြည့်တွေက မောင်တို့ဆီပိုပိုသာသာရောက်လာပါတယ်။ ဆေးကျောင်းမှသူငယ်ချင်းအုပ်စုထဲတွင်မောင်တစ်ယောက်တည်းကသာ အပြင်လူဖြစ်နေတာကြောင့်လည်းဖြစ်ပါလိမ့်မယ်။

စားပွဲတွင်ရှိနေတာက အမျိုးသားသုံးယောက်၊ အမျိုးသမီးနှစ်ယောက်ဖြစ်ပြီး သူငယ်ချင်းအမျိုးသမီးနောက်တစ်ယောက်က အခြေအနေတစ်ခုခုကြောင့် မလာဖြစ်ဘူးလို့ဆိုပါတယ်။

"သူကမင်းသစ်၊ ဒီတစ်ယောက်ကကောင်းမြတ်၊ ဒါကတော့ ၀င့်၀ါ၊ ဒီအလှလေးကရွက်လွှာ၊  နောက်ဆုံးတစ်ယောက်က ဥာဏ်"

သွယ်လေးရဲ့မိတ်ဆက်ပေးမှုကြောင့် မောင်ကတစ်ယောက်ချင်းစီတိုင်းကို ဖော်ရွေစွာနှုတ်ဆက်လိုက်ပေမယ့် နောက်ဆုံးတစ်ယောက်ကတော့ သိပ်အဆင်ပြေပုံမရ။ မောင့်စိတ်ကသိနေတယ်။ ဥာဏ်ဆိုတဲ့တစ်ယောက်က ၀င်လာတည်းကသူ့ကိုဂျိုကြည့်ကြည့်နေခဲ့တာ။

"ဒါကမောင် သက်ဇမ္ဗူမောင်တဲ့"

"အမယ် သွယ်သွယ် နင်ကတော့မောင်လို့ပဲခေါ်နေတာပေါ့ ဟုတ်လား"

ရွက်လွှာဆိုတဲ့ကောင်မလေးက သွယ်ထားပိုကိုရွှတ်နောက်နောက်ပြောတယ်။ သွယ်ထားပိုနှင့်မောင်ယှဥ်တွဲလျှောက်လာတည်းက သူမရဲ့သူငယ်ချင်းတွေက မောင်နှင့်သူမကိုသရိုးသရီထင်ချင်နေကြပုံရတယ်။ သွယ်ထားပိုပုံစံကြည့်ရတာလည်း မောင့်အပေါ်ညွတ်ချင်ဟန်ကဘေးလူသတိထားမိအောင်ရှိနေတော့ သူငယ်ချင်းတွေဗီဇအရ၀ိုင်းလှော်ပေးကြတာ မဆန်းပါ။

"ဟဲ့ မမစံထားလည်းမောင့်ကိုဒီလိုပဲခေါ်တာ၊ အိမ်ခေါ်နာမည်လေ"

သွယ်လေးကဒီလိုကာပြောလိုက်ပေမယ့် သူမပုံစံကြည့်ရတာ ရွက်လွှာရဲ့ရွှတ်နောက်နောက်စကားနှင့်အစခံရတာကို ကျေနပ်ပုံရတယ်။

Echoes of Love{Complete}Where stories live. Discover now