||26||

3.3K 372 31
                                    

Unicode

စိတ်မလုံတာရဲ့အဓိပ္ပါယ်နှင့်ခံစားချက်ဟာ ဘယ်လိုပါလို့မောင်တစ်ခါမှ မတွေးကြည့်၊မခံစားကြည့်ခဲ့ဖူးဘူး။ မောင့်ဘ၀မယ်ထိုမျှလောက်အထိစိတ်မလုံစရာ ကိစ္စရပ်ကိုမလုပ်ခဲ့ဖူးတာကြောင့်လည်း ဖြစ်လိမ့်မယ်။ လတ်လတ်ဆတ်ဆတ်မနေ့ညရဲ့ စိတ်မထိန်းနိုင်မှု......။ ဒီမနက်တော့မောင့်နှယ်ပြန်ပင်မတွေးချင်ပါ။ နားရွက်ဖျားတွေပူလွန်းလှတယ်။ ကိုကြီးမျက်နှာလည်းရဲရဲမကြည့်ချင်၊ မကြည့်နိုင်၊မကြည့်၀ံ့။ စိတ်မလုံတာဟာ အဲ့ဒါပေါ့သက်ဇမ္ဗူမောင်ရလို့ ကိုယ့်ပါးကိုယ်ရိုက်ရင်း သုံးခေါက်လောက်ရေရွတ်ချင်ပါရဲ့လေ။

"အာ....မရဘူး။ ကိုကြီးနဲ့တော့မသွားချင်သေးဘူး။ ဒီနေ့တော့မရဘူး"

"လုပ်ပါ မောင်ရယ်။ လူကြီးတွေချည်းလွှတ်ဖို့က သူတို့ကဘာမှသိပ်ပြီးလုပ်တတ်၊ကိုင်တတ် နားလည်တာမဟုတ်ဘူး။ ငါနဲ့ခန့်အစားနင်နဲ့ကိုကြီးကလိုက်ကြည့်ရှုပေးပေါ့"

ခေါင်းကိုသာတဗြင်းဗြင်းကုတ်မိတယ်။ ဂျူလိုင်ကို အရှုပ်ထုပ်မ။ သူ့ကိစ္စတွေဟာပြီးကိုမပြီးနိုင်ပါ။ ဒီနေ့တော့ကိုကြီးနှင့် မတွေ့ချင်လို့မှမောင့်ဖာသာတောင်အိပ်ခန်းထဲအောင်းနေဖို့ တွေးထားမိပါတယ်။ အခုတော့စောစောနဲ့မှစီးစီး နှစ်ဖက်မိဘပွဲတက်၀တ်စုံရွေးတဲ့ဒီဇိုင်နာဆီအကူလိုက်သွားပေးဖို့ လွှတ်ချင်နေတယ်။ ဒါဖြင့် မောင်တစ်ယောက်တည်းသွားပေးပါ့မယ်ဆိုပြန်တော့လည်းမဟုတ်သေးဘူး။ ကိုကြီးနှင့်နှစ်ယောက်အတူသွားပေးပါဆိုသတဲ့။ တောင်းဆိုချက်တွေက များ,များနိုင်လွန်းချည်ရဲ့။

"နောက်ရက်မရဘူးလား"

"မရဘူး နောက်ရက်ဆိုရင်ပါပါနဲ့မာမာကတခြားကိစ္စတွေရှိသေးတယ်။ ဒီဇိုင်နာအစ်မကလည်းရက်ချိန်းမပြောင်းပေးနိုင်ဘူးထင်တယ်"

"ရော်......."

မောင်ကမျက်ဆံလည်လိုက်မိပြီး ခေါင်းညိတ်လက်ခံဖို့သာတတ်နိုင်ပါတော့တယ်။ သူငယ်ချင်းနှစ်ယောက်ရဲ့တစ်သက်တစ်မင်္ဂလာမှာ အားဖြည့်ကောင်းပါရဲ့လေ။

"ကိုကြီးနဲ့နင့်ကိုလည်း၀တ်စုံချုပ်ပေးဖို့ အဲဒီဒီဇိုင်နာအစ်မနဲ့ပဲsuitကိုfittingချခိုင်းမလို့ လိုက်ခိုင်းရတာပါဟယ်"

Echoes of Love{Complete}Where stories live. Discover now