Unicode
မောင်ကယ်ခဲ့တဲ့ခွေးညိုလေးရဲ့ပိုင်ရှင်က စံထားညိုဆိုတဲ့အမျိုးသမီးလှလှလေးတစ်ယောက်ပါ။ ခါးထိရှည်တဲ့ဆံပင်နက်နက်များ တလုံးတခဲနှင့်လမင်းလိုပြည့်၀တဲ့မျက်နှာလှလှလေးပိုင်ရှင်ပါ။ ကြည့်လင်အေးချမ်းတဲ့ပုံကိုဆောင်တဲ့အမျိုးသမီးက မောင့်ထက်တော့ အသက်လေးမဆိုစလောက်ကြီးသလို သိင်္ခနှင့်ကျတော့မဆိုစလောက်ငယ်မယ့် နှစ်ဆယ့်ငါးနှစ်အရွယ်ခန့်ပါ။
အဲဒီနေ့ကခွေးကိုပြန်ခေါ်လာပေးတဲ့အတွက် စံထားညိုဆိုတဲ့အမျိုးသမီးကမောင့်ကို ကျေးဇူးတင်မဆုံးတပြုံးပြုံးဖြစ်နေခဲ့ပေမယ့် သိင်္ခကတော့မျက်နှာထားကိုလိုတာထက်ပို၍ တင်းထားခဲ့တယ်။ မောင်လမ်းပျောက်ရတဲ့အကြောင်းအရင်းက ထိုခွေးကြောင့်ဖြစ်တာမလို့ ခွေးပိုင်ရှင်ကိုလည်း ကြည်ဖြူချင်ပုံမပေါ်။ ကွဲလွဲစွာပင်တစ်ဖက်မှအမျိုးသမီးကတော့ ပါးချိုင့်များခွက်တဲ့အထိပြုံးရယ်လျက် မောင့်အားကျေးဇူးတင်တာထက်ကို သိင်္ခနှင့်ရင်းနှီးလိုဟန်ကပိုလျက်ရှိနေတော့၏။
"ကိုကြီး...ဟိုရက်ကစံထားညိုတဲ့အစ်မကိုမှတ်မိသေးလား"
"အင်း"
"ချောတယ်မဟုတ်လား တော်တော်လေး"
"သတိမထားမိဘူး"
"ပြုံးလိုက်ရင်ပါးချိုင့်လေးနဲ့လေ၊ မျက်တောင်ကော့ကော့လေးတွေနဲ့ အရမ်းလှတယ်"
"ထမင်းစားနေတုန်း စကားတွေအများကြီးမပြောနဲ့"
မောင်ကနှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး ဇွန်းနှင့်ခက်ရင်းကိုအသံမြည်အောင်ကိုင်လျက် ထမင်းလုတ်တစ်လုတ်ကိုခပ်လိုက်တယ်။ ဒီရက်ပိုင်းတွေမှာ မောင်နဲ့ကိုကြီးကထမင်းစားပြီဆိုလည်း ကတောက်ကဆမဖြစ်ကြဘဲနဲ့ အတူတူစားနေကြပြီ။ အရင်ကဆိုမောင်တို့မှာသုံးခေါက်ရှိရင်နှစ်ခေါက်က စကားများကြလို့ ထမင်းကုန်တဲ့အထိမျက်နှာချင်းဆိုင် မထိုင်ဖြစ်ကြဘူးလေ။အခုကျတော့ စကားတွေလည်းပုံမှန်လို ပြောကြတယ်။ အများကြီးတိုးတက်လာတဲ့ရင်းနှီးမှုလို့ မောင်တော့ထင်တာပဲ။ ကိုကြီးရဲ့စိတ်ကိုလုံး၀ဥဿုံနားမလည်သေးဘူးဆိုရင်တောင် မောင်ကလည်းအများကြီး မကောင်းမြင်စိတ်မထားဖြစ်တော့တာ ထင်တယ်။ မောင့်စိတ်ထင်တော့ညီအစ်ကိုဆက်ဆံရေးကဒီလိုပဲ သွားရမှာပေါ့လေ။
YOU ARE READING
Echoes of Love{Complete}
RomanceI once believed love would be (Black and white) But it's golden (Golden) And I can still see it all (In my head)