Unicode
[Song recommend- Atlantic by Seafret]
အခုငါတို့ဘက်ကမင်းတို့သိသင့်တာကို ပြောသင့်တာလည်းပြောပြီးပြီ။ ကဲ......ဘာဆက်လုပ်ပေးမှာလဲ"
သွယ်ထားပိုရဲ့မိခင်ကတိတ်ဆိတ်မှုတွေအကုန်လုံးကို လေသံမာမာနှင့်ဖြတ်တောက်လိုက်တယ်။ စံထားညိုကတစ်ခွန်းမှ၀င်မပြောပေမယ့် သူမမျက်နှာပေါ်မှာခံစားချက်ကတစ်မျိုးတစ်မည် ပေါ်နေပါတယ်။ သွယ်ထားပိုကတော့မောင့်ကို စူးစိုက်ကြည့်နေတယ်။ မောင်နှင့်သွယ်ထားပိုရဲ့အပြန်အလှန်စကားနှစ်ခွန်းမှာတင် အခြေအနေတွေကရှင်းနေပြီပဲ။ မောင်ကလည်းမငြင်းဆိုခဲ့ဘူး။ မေကြည်ကလူကြီးတစ်ယောက်ဆိုပေမယ့် ဒီအခြေအနေမှာ၀င်ရောက်ဆုံးဖြတ်နိုင်စွမ်း မရှိနေဘူး။ အားလုံးကသိင်္ခခေါင်းပေါ်သာပုံကျနေတယ်။
သိင်္ခရင်ထဲမှာတမြေ့မြေ့လောင်ကျွမ်းနေတဲ့တိုင်အောင် အေးစက်တိကျတဲ့သူ့ရဲ့ပုံပန်းသွင်ပြင်ကို ထိန်းသိမ်းထားနိုင်ဆဲပါ။
"ဒီကလေးကသက်ဇမ္ဗူမောင်ရဲ့ကလေးဆိုတာသေချာတယ်လို့ ကာယကံရှင်ကလက်ခံရင်တော့ အုပ်ထိန်းသူတစ်ယောက်အနေနဲ့ကျွန်တော်အကုန်စီစဥ်ပေးမှာပါ"
"သေချာတယ်ပြောရအောင် မင်းဟာကဘာစကားလဲ။ မင်းစကားအသွားအလာက ငါ့သမီးရဲ့ဂုဏ်သိက္ခာကိုမေးခွန်းထုတ်နေတာပဲ"
"တိတ်တိတ်နေပေးပါ။ သက်ဇမ္ဗူမောင်ရဲ့အဖြေကိုကျွန်တော်စောင့်နေတယ်"
သိင်္ခလေသံကပြတ်သားတောင့်တင်းတယ်။ပြီးတော့ မောင့်ဆီကအဖြေကိုငံ့လင့်နေတယ်။
စံထားညိုကသူမအမေရဲ့လက်ကိုဆုပ်ကာ ဘာမှထပ်မပြောဖို့ကိုယ်ဟန်နှင့် သတိပေးလိုက်ပါတယ်။ အခုအားလုံးကမောင့်ဆီကအဖြေကို နားစိုက်နေကြပြီ။
မောင်ကသိင်္ခကိုအဓိပ္ပါယ်ပါပါကြည့်တယ်။ မောင်တို့အကြည့်တွေဟာ နှစ်ဦးသားသာနားလည်နိုင်မယ့် ခံစားချက်ပြည့်၀နေတဲ့မျက်၀န်းတွေ။ မောင်ကသက်မကိုရှိုက်လိုက်တယ်။ မောင့်စိတ်ထဲမှာသွယ်ထားပိုကို အပြစ်ရှိစိတ်ရော၊ သိင်္ခအပေါ်အပြစ်ရှိစိတ်ပါရောပြွန်းနေတယ်။ တစ်ဖက်ကိုကြည့်ပြန်တော့ မိမိလွန်ကျူးမိတဲ့မိန်းမသား၊ တစ်ဖက်မှာချစ်ရသူ။ အားလုံးကိုသာအဆုံးသတ်လို့ရလျှင် မောင်ဟာကိုယ့်ကိုယ်ကိုသာအဆုံးသတ်လိုက်ချင်တယ်။
YOU ARE READING
Echoes of Love{Complete}
RomanceI once believed love would be (Black and white) But it's golden (Golden) And I can still see it all (In my head)