Unicode
[Song {highly} recommend - Yes to heaven by Lana del rey]
လွန်ခဲ့သောကိုးနှစ်ကျော် ဆယ်နှစ်ခန့်......။ ခရစ္စမတ်မတိုင်မီရက်များ။
မောင်တို့ကဗုဒ္ဓဘာသာများဖြစ်တာမလို့ ခရစ္စယာန်ဘာသာ၀င်တွေရဲ့ခရစ္စမတ်အခါတော်နေ့ကို ထူးထွေ၍မကျင်းပကြပါ။ ဒီဇင်ဘာလဖြစ်တာကြောင့် မောင့်အတွက်ဆွယ်တာလှလှလေးများတော့ ရပေမယ့် အဲ့ဒါတွေကစနစ်တကျထုပ်ပိုးထားတဲ့လက်ဆောင်အိတ်လေးတွေဆီကနေ လာတာတော့မဟုတ်ခဲ့။ မောင်ကဒါကိုမကျေလည်နိုင်။ မောင့်ရဲ့သူငယ်တန်းနှစ်မှအတန်းဖော်တွေ လုပ်သမျှကိုလိုက်လုပ်ချင်ခဲ့တဲ့ ဥာဥ်လေးကားယနေ့ထိတိုင်မပျောက်နိုင်သေးတာကြောင့် အတန်းဖော်ခရစ်ယာန်ဘာသာ၀င်ကောင်လေးရဲ့ ခရစ္စမတ်လက်ဆောင်လှလှများကိုကြည့်၍ကြည့်၍ လိုချင်လာခဲ့ပြန်တယ်။
"မောင်ကခရစ္စမတ်လက်ဆောင်ကိုထုပ်ပိုးထားတာမျိုးတွေမှ လိုချင်ပြန်ပြီတဲ့ကွာ။ သူ့အမေကတော့လက်ဆောင်ထုပ်စက္ကူတွေ၀ယ်ပြီး အလုပ်စရှုပ်နေပြီ။ အလိုလိုက်လွန်းအားကြီးတယ်။ သားရောနေကောင်းတယ်မဟုတ်လား အားလပ်ရက်ဆိုလည်းပြန်လာခဲ့ဦးလေ"
မောင့်ဖေဖေနှင့်သိင်္ခရဲ့သာကြောင်းမာကြောင်း ဖုန်းပြောဆိုဆက်သွယ်မှုတွေထဲမှာ မောင့်အကြောင်းဟာခရီးသွားဟန်လွှဲအနေနှင့်တောင် တခုတ်တရပါတတ်မြဲပါ။ သိင်္ခကဒါကိုနားထောင်ရငြီးငွေ့တယ်လို့ ဘယ်တုန်းကမှမတွေးခဲ့မိ။ သူကသာ၍တောင်သဘောတကျရှိမိသေးသလိုလိုပင်။ မောင့်ရဲ့တစ်နေ့တာအရှုပ်အထွေးနှင့် ဂျစ်တိုက်မှုများကိုနားထောင်ရတာက သိင်္ခရဲ့ပျင်းရိဖွယ်နေ့ရက်များအတွက် အပန်းပြေစရာတစ်ခုထက်ပင်ပိုပါ၏။
ဒီလိုအသေးစိတ်ပင် သိင်္ခကမှတ်ထားမိသေးတယ်။ မောင်အကြိုက်ဆုံးအရောင်ဟာ အ၀ါရောင်၊ မောင်ကအမွှေးပွပွသတ္တ၀ါများကို ချစ်တတ်တယ်။ အေးတဲ့ရာသီဥတုကိုနှစ်ခြိုက်ပြီးတော့ ချောကလက်ပူပူဟာမောင့်အတွက်နိဗ္ဗာန်ပါ။
မောင့်ဖေဖေနှုတ်မှအမှုမဲ့အမှတ်မဲ့ ထွက်လာခဲ့တဲ့မောင့်နေ့စဥ်အကြောင်းအရာတို့အပေါ် အခြေခံ၍ သိင်္ခဟာထိုနှစ်ရဲ့ခရစ္စမတ်၌ခရစ္စမတ်လက်ဆောင်အားအပူတပြင်း၀ယ်ယူထုပ်ပိုးခဲ့ရပါတော့တယ်။
YOU ARE READING
Echoes of Love{Complete}
RomanceI once believed love would be (Black and white) But it's golden (Golden) And I can still see it all (In my head)