Unicode
မောင်နဲ့ဥာဏ်ကပြဿနာတွေဖြစ်ခဲ့ပေမယ့်လည်း သွယ်လေးရဲ့ကျန်တဲ့သူငယ်ချင်းများနှင့် စပျစ်ခြံဆီသွားကြမယ်ဆိုတဲ့ အကြံကတော့ပျက်ပြယ်မသွားပါ။ ထိုခရီးကိုဥာဏ်မလိုက်ဖြစ်တော့တာသာ ရှိတယ်။ မင်းသစ်၊ရွက်လွှာ၊၀င့်၀ါနှင့် ကောင်းမြတ်တို့ကတော့မောင်နှင့်အခင်အမင်မပျက်ခဲ့ပါ။ မောင်နှင့်ဥာဏ်ရဲ့ပြဿနာကိုသိပြီးသွားတဲ့နောက် သူတို့ကပင်မောင့်အား အားနာစွာ၀ိုင်း၍ တောင်းပန်ခဲ့ကြသေးတယ်။ ဥာဏ်ကသွေးဆိုးသလို သွယ်လေးကိုလည်းဆယ်တန်းတည်းကလိုက်ပိုးပန်းခဲ့တာ တစ်ဖွဲ့လုံးအသိလို့ဆိုပါတယ်။
သွယ်လေးကတော့ဥာဏ်နဲ့လုံး၀မပတ်သက်တော့ဘဲ သူငယ်ချင်းစာရင်းဖြတ်လိုက်ပြီလို့တော့ မောင်ကြားပါတယ်။ ဒါကတော့မောင့်ကိစ္စဟုတ်မနေ၍ မောင်လည်းအများကြီး၀င်မပြောဖြစ်။ သွယ်လေးနှင့်သွယ်လေးသူငယ်ချင်းတွေရဲ့ တောင်းပန်စကားကိုသာလက်ခံ၍ အကုန်လုံးမျှော်လင့်ထားကြတဲ့ စပျစ်ခြံတွေဆီသွားဖို့အစီအစဥ်ကိုသာ မောင်အကောင်အထည်ဖော်ခဲ့ပါတယ်။ မောင်လည်းမရောက်ဖြစ်တာ ကြာလှရှိပြီဖြစ်လို့ ၀ိုင်စည်များရဲ့အနံ့ကိုလွမ်းမိတယ်။
Vineyardဆီသွားကြဖို့အတွက် ကိုကြီးကိုမောင်ပြောတော့ ကိုကြီးကမငြင်းပါ။ သွယ်လေးတို့အဖွဲ့တွေပါမှာလို့စကားကြောင်းခဲ့တုန်းကလည်း ကိုကြီးကမကြိုက်တဲ့ပုံစံပြမလာ။ မောင့်ရဲ့စက္ကူလိပ်ပြာလေးကြောင့် ဒီလိုသဘောတွေကောင်းလာသလားလို့တော့ မဆီမဆိုင်တွေးလိုက်မိပေမယ့် မဖြစ်နိုင်တာဆိုတဲ့စိတ်ဖြင့်ခေါင်းယမ်းမိပြန်ပါတယ်။ ကတောက်ကဆဖြစ်ပြီးပြန်ပြေလည်တိုင်း ကိုကြီးကမောင့်ကိုအလိုနည်းနည်းလိုက်တတ်တာကတော့ ထုံးစံပါ။ ဒါကကိုကြီးရဲ့ချော့တဲ့ပုံစံတစ်မျိုးလို့ မောင်မှတ်ယူထားလိုက်တော့လည်း စိတ်ကျေနပ်စရာကောင်းလှပါတယ်။
စိတ်ခံစားချက်တွေလှစ်ဟမပြတတ်တဲ့ ကိုကြီးလိုလူစားကြောင့်မောင်ကလည်း ကိုယ်တိုင်စိတ်ကျေနပ်အောင် တွေးဖြစ်လာတယ်လို့ သတိထားမိတိုင်း ကိုကြီးရဲ့မောင့်အပေါ်လွှမ်းမိုးနိုင်စွမ်းက ခပ်သေးသေးမဟုတ်မှန်းမောင်လက်ခံရမယ်။
YOU ARE READING
Echoes of Love{Complete}
RomanceI once believed love would be (Black and white) But it's golden (Golden) And I can still see it all (In my head)