||9||

3.2K 401 36
                                    

Unicode

"ကိုကိုကြီးစင်္ကာပူသွားတာကတစ်ပတ်ကနေ နှစ်ပတ်လောက်ကြာမှာဆိုတော့ ကိုလေးမွေးနေ့ကိုမမှီရင်ဘယ်လိုလုပ်မလဲ"

ထွေးထွေးကမီးပူတိုက်ပြီးတဲ့ အ၀တ်တွေကိုမောင့်ဗီဒိုထဲထည့်ပေးရင်း ပူပန်သလိုမေးတယ်။ မောင်ကတော့စာရေးစားပွဲမှာ ခေါင်းမှောက်ပြီးထိုင်နေရာက ဆတ်ခနဲခေါင်းထောင်လိုက်ကာ ထွေးထွေးစကားကို တုံ့ပြန်လိုက်၏။

"မှီမှီ မမှီမှီပေါ့။ သူ့ကိုဘယ်သူကဂရုစိုက်နေလို့လဲ။ ကျောင်းကကောင်မလေးတွေရဲ့မွေးနေ့ဆုတောင်းစကားနဲ့တင် အဲဒီရက်တစ်ရက်လုံးငါအလုပ်ရှုပ်နေမှာ။ သူ့ကိုတွေးတောင်မတွေးမိဘူး"

၁၉နှစ်ပြည့်မောင့်မွေးနေ့ကမတ်ချ်လလေးရက်၊ သန်ဘက်ခါဆိုရင်ပဲရောက်တော့မယ်။ ဒီရက်တွေထဲမှာကိုကြီးက စာမလာ၊သတင်းမကြားနဲ့ အိမ်ဖုန်းလေးကိုတောင်မခေါ်ဘူးလေ။ ဒါကြောင့်မောင်တို့ကလည်း ကိုကြီးဘယ်ရက်ပြန်လာမလဲဆိုတဲ့ အတိအကျရက်ကိုမသိရ။ သြော်...ဒီလိုဆိုလို့လည်း မောင်ကသူ့ဖုန်းကိုမျှော်နေလွန်းတယ်လို့တော့ မဟုတ်ဘူးနော်။ မေကြည်နဲ့ထွေးထွေးသာသိချင်နေတာ။ မောင်ကအနေသာကြီးပါ။

"ဒါပေမယ့်ကိုကြီးရှိရင် အိမ်မှာပိုပျော်ဖို့ကောင်းမှာပေါ့"

"ဒီလောက်အေးတိအေးစက်လူကို နင်ပဲပျော်စရာကောင်းတယ်တွေးနေသေးတယ်"

ထွေးထွေးကိုဒီလိုပြောရပေမယ့် မောင့်စိတ်ထဲတွင်သိင်္ခအားမွေးနေ့အမှီပြန်ရောက်စေချင်တဲ့ဆန္ဒက မသိမသာလေးတိုးထွက်နေပေမယ့် ထိုဆန္ဒငယ်လေးကိုမောင့်ရဲ့မာနက ဖိနင်းထားပါတယ်။

"ကိုလေးကကိုကိုကြီးကိုဘာလို့သဘောမကျတာလဲ"

မောင်ချက်ချင်းပြန်မဖြေဖြစ်။ ကိုကြီးကိုသူဘာလို့သဘောမကျရတာလဲ။ ဒါကအဖြေတွေအများကြီးရှိနေတဲ့ မေးခွန်းပါ။ ကိုကြီးရဲ့ဆရာကြီးလုပ်တတ်တာကို မကြိုက်။ ဖယ်ခွာဖယ်ခွာလုပ်၍ တသီးတသန့်ကြီးနေတတ်တာကိုလည်း မကြိုက်။ မောင့်ဘ၀ထဲကို၀င်လာလိုက် ထွက်သွားလိုက်လုပ်ချင်နေတာကိုလည်း နားမလည်။ ကိုကြီးရဲ့မှန်းရခက်တဲ့စိတ်နေစိတ်ထားကိုလည်း မကြိုက်သလို လူတွေကိုနေရခက်အောင်ပြုမူတတ်တဲ့ အကျင့်စရိုက်ကိုလည်းမကြိုက်ပါ။

Echoes of Love{Complete}Where stories live. Discover now