Unicode
တစ်စုံတစ်ယောက်ကမောင့်ရဲ့ပါးကို အဆက်မပြတ်ဖွဖွလေးတို့ထိနေတာကြောင့် မောင်နိုးလာတယ်။ မျက်လုံးတွေသေချာမဖွင့်ရသေးပေမယ့် နေရောင်ခြည်နုနုကိုခံစားလို့ရနေပြီးတော့ အိစက်စက်ခေါင်းအုံးနှင့်အနံ့မွှေးတဲ့အိပ်ယာခင်းက မောင့်ရဲ့အထိအတွေ့၊အနံအသက် အာရုံခံစားနိုင်စွမ်းတို့ကို လူးလွန့်လာစေပါတယ်။ ဒီအိပ်ယာကသေချာပေါက်မောင့်အိပ်ယာတော့ မဟုတ်ဘူး။ ဟင်....။
မောင့်မျက်လုံးတွေဆတ်ခနဲပွင့်လာတယ်။ ပါးကိုအဆက်မပြတ်ထိနေတဲ့တစ်ယောက်က မောင့်ကိုနှိုးနေတဲ့သိင်္ခပါ။ သိင်္ခကိုမြင်တော့မနေ့ညကိုရုတ်တရက်ပြန်မှတ်မိသွားလို့ မောင်မအံ့သြတော့ဘဲ စောင်ကိုလည်ပင်းအနားထိဆွဲခြုံပစ်လိုက်ပြီး ခဏပြန်မှေးဖို့လုပ်တယ်။ သူကအနည်းဆုံးတော့သူစိမ်းအိပ်ယာထဲမှာမှဟုတ်ဘဲ။ မနေ့ညက၀ိုင်တစ်ပုလင်းသာသောက်ခဲ့တယ်ဆိုပေမယ့် မောင် ကိုယ့်အိပ်ခန်းဆီကိုယ်မပြန်ခဲ့ပါ။ သိင်္ခကုတင်ပေါ်၌သာ တက်အိပ်ခဲ့တယ်။
"Happy Birthday.နည်းနည်းလောက်ထပ်အိပ်လို့ရသေးလား"
မောင်ကသက်တောင့်သက်သာဖြစ်စွာ စောင်ပုံထဲတိုး၀င်ရင်းအသံတိုးတိုးဖြင့် တောင်းဆိုတယ်။ ဘယ်လိုအခြေအနေမျိုးမှာမဆို မောင်ကအအိပ်မက်တယ်။
"မရဘူး ကိုယ်တို့မင်္ဂလာဆောင်သွားဖို့ရှိတယ်။ ပြင်ဆင်ရမယ်"
သိင်္ခကယတိပြတ်ငြင်းလိုက်ပြီး မောင့်ခန္ဓာကိုယ်ကိုဆွဲထူလိုက်တဲ့အခါ မောင်ကခန္ဓာကိုယ်ကိုမတ်မတ်မထားဘဲ အရိုးပျော့ရောဂါသည်လို သိင်္ခရင်ဘတ်တွင်ကပ်သွားတယ်။ မောင်ကထိုရင်ဘတ်ကိုမှီလျက်မှေးနေရင်း တစ်စုံတစ်ခုကိုမေ့နေသလို ပြန်မေးခွန်းထုတ်၏။
"ဘယ်သူ့မင်္ဂလာဆောင်လဲ။ သြော် ဂျူလိုင်ကိုလား"
သိင်္ခဘာမှဆက်မပြောခင်မောင်ကကျယ်ကျယ်လောင်လောင် ထပ်အော်ဟစ်လိုက်၏။ မောင်သတိရသွားပြီ။
"ဘုရားရေ....ခန့်လင်းမော်နဲ့ဂျူလိုင်ကိုမင်္ဂလာဆောင်"
မောင်ကသိင်္ခကိုမှီခိုထားရာကနေ ချက်ချင်းဖယ်ခွာလိုက်ပြီး ကုတင်ပေါ်ကနေဒရောသောပါး ပြေးဆင်းတယ်။
YOU ARE READING
Echoes of Love{Complete}
RomanceI once believed love would be (Black and white) But it's golden (Golden) And I can still see it all (In my head)