Unicode
သိင်္ခအပေါ်ထားတဲ့မောင့်ခံစားချက်များဟာ ပင်လယ်ပြင်ပေါ်ကလှိုင်းလုံးလေးများနှင့် တူတယ်လို့ဆိုကြပါစို့။ လှိုင်းလုံးလေးများဟာ မြင့်ချင်တဲ့အချိန်မြင့်သလို ခပ်သာသာပုတ်လျက်ငြိမ်သက်နေတဲ့အချိန်များလည်းရှိတယ်။
ဒီလိုပဲ မောင်ဟာလည်းသိင်္ခအပေါ်ဆိုးချင်တဲ့အချိန်ဆိုး၍ ကောင်းချင်တဲ့အချိန်ကောင်းလေတယ်။ တူညီတာတစ်ခုကတော့ ပင်လယ်ဟာရေသေကန်မဟုတ်လို့ လှိုင်းပါဆိုနေမှ လုံး၀ဥဿုံငြိမ်ပါတဲ့ လှိုင်းဆိုတာတော့မရှိသလိုမျိုး မောင်ကလည်းသိင်္ခအပေါ်တွင် စိတ်ကောင်းဘယ်လောက်၀င်၀င် မုချနာခံလိုတဲ့စိတ်လေးမှာတော့ ခပ်သေးသေးတောင်မရှိပါ။
မောင်ကမောင့်ဗီဇအတိုင်း ပုန်ကန်ချင်တယ်။ ရန်ထောင်ချင်တယ်။ အကြောတင်းချင်တယ်။ ပြန်ခံပြော၍မလေးမစားလုပ်ချင်တယ်။ အနိုင်လိုချင်တယ်။ ဒါတွေဟာမောင့်ပင်ကိုယ်ဗီဇတွေ။ ဒါတွေကသိင်္ခအပေါ်တွင်ထားရှိတဲ့မကျေနပ်ချက်တချို့နဲ့ သွားပေါင်းတဲ့အခါမှာ မြတ်သိင်္ခမောင်၏စကားဆို သက်ဇမ္ဗူမောင်အတွက်နားထဲမတိုးတော့။
အဆုံးသတ်မှာ မောင်ကဘယ်လိုပဲသိင်္ခစကားအတိုင်းလုပ်လိုက်ရပါတယ်ပြောပြော မကြေလည်တဲ့ကတောက်ကဆတွေဟာ မပြီးဆုံးနိုင်တဲ့သံသရာစက်၀န်းလိုလည်ဆဲပါပဲ။
သိင်္ခကလည်းစကားကို ချော့မော့မပြောတတ်တဲ့ လူစားမျိုးပါ။ ငယ်တည်းကအလိုလိုက်ခံထားရတဲ့ တစ်အိမ်လုံးရဲ့အငယ်ဆုံးမောင်နှင့် သိင်္ခ၏စရိုက်နှင့်က လုံးလုံးဆန့်ကျင်ဘက်တွေ ဖြစ်၍ ပြဒါးတစ်လမ်း၊ သံတစ်လမ်း။
မောင့်စရိုက်ကဘေးကကြည့်ရုံနဲ့ မြင်နိုင်တယ်ဆိုပေမယ့် သိင်္ခကတော့အမြဲတမ်းလိုလို ခန့််မှန်းရခက်ပါတယ်။ ဒါကြောင့်နဲ့မောင်က သိင်္ခအပေါ်အမြဲတလွဲမြင်တယ်။ သိင်္ခကလည်းဘယ်တော့မှ ထုတ်ဖော်မပြောတတ်။ သူတို့နှစ်ယောက်ကြားက ကြီးမားတဲ့နားလည်မှုလွဲခြင်းဟာ လွန်ခဲ့တဲ့နှစ်များကတည်းကအမြစ်တည်ခဲ့တာ။
အတိတ်....။
မောင့်အသက်ခြောက်နှစ်။ သိင်္ခအသက်က ဆယ့်ခြောက်နှစ်။
YOU ARE READING
Echoes of Love{Complete}
RomanceI once believed love would be (Black and white) But it's golden (Golden) And I can still see it all (In my head)